• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
အခု ဒီ Popular's Choice အစီအစဉ်ရဲ့ နောက်ပိတ်ဆုံးသီချင်းလေးကျတော့ ဘယ်သီချင်းရွေးပေးမှာလဲ။
နောက်ဆုံးအနေနဲ့ အမ ကိုညီထွဋ်ဆိုထားတဲ့ အနှိုင်းမဲ့ဆိုတဲ့သီချင်းလေးလေ။ အဲ့သီချင်းလေးကို ရွေးပေးချင်တယ်။
အဲ့သီချင်းလေးက ကိုညီထွဋ်ရဲ့သီချင်းလေးတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ သီချင်းလေးပေါ့နော်။ အဲ့တော့ အမကရော ဒီသီချင်းလေးကို ကြိုက်ရတဲ့ရည်ရွယ်ချက်လေးလည်း ပြောပြပေးပါအုံး
ဆိုထားတာကတော့ အချစ်နဲ့ပတ်သက်တာကိုပဲ ဆိုထားတာပေါ့နော်။ ဒါပေမယ့် အမ ရဲ့ခံစားချက်ကတော့ အမက ဒီအနှိုင်းမဲ့ ဆိုတာကို စာသားတွေရော၊ သူ့ရဲ့သံစဉ်တွေရော အကုန်လုံးကိုအမက ကိုယ့်ရဲ့ဘ၀မှာအနှိုင်းမဲ့တာက မိဘနှစ်ပါးပေါ့နော်။ အဲ့တော့ အမရဲ့မိဘနှစ်ပါးနဲ့ယှဉ်ပြီးတော့ အမကအနှိုင်းမဲ့ဆိုတဲ့သီချင်းလေးကို အမဘာသာခံစားကြည့်တဲ့ ခံစားချက်နဲ့ ကြိုက်တာပေါ့နော်။ အဲ့တာကြောင့်မို့လို့ ဒီသီချင်းလေးကိုကြိုက်တာပေါ့နော်။
ဒီသီချင်းလေးကို အမ ကဘယ်အချိန်လောက်မှာစပြီးတော့ နားထောင်ဖြစ်တာလဲ။ အကြိုက်ဆုံးဖြစ်သွားတာလဲ။
ဒီသီချင်းပေါ်ပေါ်ချင်းပဲ နည်းနည်းတော့ကြာပြီ။ ခုနှစ်တွေတော့ မမှတ်မိတော့ဘူး။ အဲ့တုန်းက အမက ၈ တန်းလောက် တော့ရှိမယ်။ အဲ့အရွယ်လောက်ကပေါ့နော်။ အဲ့အရွယ်လောက်ကတည်းက ဒီသီချင်းပေါ်တာဆိုတော့ အဲ့ကတည်းက အမကြိုက်တာ
ဟုတ်ကဲ့ပါ။ အဲ့တော့ အမ ရဲ့မိဘနှစ်ပါးရဲ့ အနှိုင်းမဲ့တဲ့သီချင်းလေးကို နောက်ဆုံးအနေနဲ့ နားထောင်ကြည့်မယ်နော်။
ဇော်ဝင်းထွဋ် - အနှိုင်းမဲ့