• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
သီချင်းလေးတွေလည်း နားထောင်ပြီးသွားပြီဆိုတော့လေ အခုလက်ရှိမှာကော အနုပညာလှုပ်ရှားမှုတွေ အနေနဲ့ ဘာတွေလုပ်နေလဲ မသိဘူး။
အခုလောလောဆယ်မှာ နေတိုးရယ်။ စိုးမြတ်သူဇာရယ်။ ကိုရန်အောင်ရယ် ရိုက်ဖို့ ဇာတ်လမ်းတစ်ခုကို ဇာတ်ညွန်းရေးနေပါတယ်။ ၁၈ ရက်နေ့မှာ ကျွန်တော် မြင့်မြတ်ရယ်။ န၀ရတ်ရယ် မိုးပြည့်ပြည့်မောင်ရယ်နဲ့ ဗီဒီယိုတစ်ကားရိုက်မယ်။ နှင်းဆီစီးချင်း
ဒါအကုန် ကိုယ်တိုင်ဇာတ်ညွန်းရေး
မဟုတ်ဘူး။ နှင်းဆီစီးချင်းက ကျွန်တော်ဇာတ်ညွန်းမဟုတ်ဘူး။ ၀တ္ထုက ကိုနီကိုရဲ၊ ဇာတ်ညွန်းက သီဟစိုး အမြဲတမ်းတော့ ကျွန်တော်က ဇာတ်ညွန်းမရေးဘူး။ ကျွန်တော်နည်းနည်း Feeling လာတဲ့ဟာမျိုးပဲ ကျွန်တော်ရေးတယ်။ ကျွန်တော်ကိုယ်တိုင် ရေးမှရမယ် ထင်တဲ့အခါမျိုးမှာလည်း ရေးတယ်။
အခုဒီအနုပညာလောကထဲမှာလည်းပေါ့နော်။ သရုပ်ဆောင်လုပ်ချင်တဲ့လူတွေ၊ ဒါရိုက်တာဖြစ်ချင်တဲ့လူတွေရော အများကြီးပဲရှိတယ်။ သူတို့တွေအတွက်လည်း အစ်ကို ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက်မှာ အစ်ကိုကြုံတွေ့ခဲ့ရတာတွေကို အမှတ်တရအနေနဲ့ လေ့လာစရာ မှတ်သားစရာလေးတွေလည်း ပြောပြပေးပါအုံး။
ကျွန်တော်ကတော့လေ ဘယ်လိုပြောမလဲ။ အရေးကြီးတာတစ်ခုကပေါ့နော်။ အနုပညာနယ်ထဲကို ၀င်လာတဲ့အခါ သရုပ်ဆောင် လုပ်ချင်တာပဲဖြစ်ဖြစ်၊ ဒါရိုက်တာလုပ်ချင်တာပဲဖြစ်ဖြစ် time ဆိုတဲ့စကားလုံးပေါ့နော်။ အချိန်ပေါ့။ အချိန်အရေးကြီးတယ်။ ဘာလို့ဆိုတော့ ဒီလောကမှာက တကယ်လို့ ဘာမှမဟုတ်ဘဲနဲ့ မျောနေရင် သူ့ဘ၀တဖြည်းဖြည်းနဲ့ သွားတာလေ။ အသက်ကကြီးကြီးလာတာ ဥပမာ ၁၈နှစ်မှာ ၀ါသနာပါလို့စတယ်။ ဖြစ်မလာ ဖြစ်မလာနဲ့ အသက် ၂၈ နှစ်ရောက်တယ်။ ရှင်းရှင်းပြောရင် အနုပညာလောကဆိုတာ အရမ်းမျောတယ်။ အဲ့တော့ကိုယ့်ဘာသာကိုယ် စည်းနဲ့ကမ်းနဲ့ ကိုယ့်ရဲ့အချိန်ကို ကိုယ်သတ်မှတ်။ ဘယ်အရွယ် ဘယ်လောက်လုပ်မယ်။ ကိုယ့်ဘာသာကိုယ် decide လုပ်ပြီးမှ ဒီအလုပ်ကိုလုပ်။ နောက်တစ်ခုရှိသေးတယ်။ အခုလောလောဆယ် လုပ်နေတဲ့လူတွေနဲ့ ပိုသက်ဆိုင်တယ်။ time ပဲ။ အချိန်တိကျမှုဆိုတာ ဘယ်နေရာမှာမဆို အရေးကြီးတယ်။ အဲ့တော့ ကိုယ်ဟာ အလုပ်ကိုတကယ်လုပ်တော့မယ် Professional တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ အချိန်တိကျလိုက်နာဖို့ အရမ်းလိုတယ်။