• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
အစ်ကို ဒီဖြတ်သန်းခဲ့ရတဲ့တစ်လျှောက်မှာရော အစ်ကိုကြုံတွေ့ရတဲ့ အရာတွေအနေနဲ့ဆိုရင် ဘာတွေကိုဘယ်လိုစွန့်လွှတ်ပြီးတော့ ဘယ်လိုအရာတွေကို အစ်ကိုပြန်ရနေပြီလို့ အစ်ကိုထင်လဲ။
ဘာတွေကို ဘယ်လိုစွန့်လွှတ်လဲဆိုတော့ ကျွန်တော် သရုပ်ဆောင်တစ်ယောက် လုပ်ဖို့ပေါ့နော်။ သရုပ်ဆောင်လို့သာ ပြောတာနော်။ side back လို့တောင်ပြောရမှာ ခပ်ခက်ခက်ပဲ။ ဟိုပါဒီပါ အဲ့လိုဘ၀မျိုးမှာတောင်မှ ရူးရူးမိုက်မိုက်နဲ့ပေါ့နော်။ ကျွန်တော် အဲ့တုန်းက သဘော်လိုက်ဖို့ CDC ရပြီးသား။ အဲ့ဒါကြီးကို လုံးဝလွှင့်ပြစ်ပြီးတော့ အိမ်ပေါ်ကနေဆင်းသွားတာ တက္ကသိုလ်ကျောင်းကို ကျွန်တော် အဆောင်ကနေတက်ပြီးတော့ အဲ့အလုပ်ကိုလုပ်တာ။ နေ့စားဘ၀လေးနဲ့။ ကျွန်တော့်ဘ၀နဲ့ ယှဉ်ပြီးတော့ပြောတာလေ အဲ့လိုမျောရင်း မျောရင်းနဲ့ ၁၇ နှစ်လောက်ကြာသွားတယ်။ အဲ့ဒီ ၁၇ နှစ်ကြာကြီးကို ကျွန်တော်ဘာမှမသိဘဲနဲ့ ဖြတ်သန်းလာတာ။ ကျွန်တော့်မှာ အဲ့လိုအမှောင်ကျတဲ့ ကာလတွေလည်း အများကြီးပဲ။ ကျွန်တော်စိတ်ဓာတ်ကိုကြံကြံခံနိုင်အောင် ကြိုးစားတယ်။ ဘယ်ဘ၀ပဲရောက်နေ ရောက်နေ သုညကနေပြန်စဖို့ ၀န်မလေးဘူး။ အရေးကြီးတာက အဲ့တာပဲလေ။ သုညကနေ တစ်၊ တစ်ကနေ နှစ် ပြန်တက်လာတာလေ။ ဒါကြောင့်မို့လည်း ကျွန်တော် ဒီဘ၀ကိုပြန်ရောက်လာတာပေါ့။ အရေးကြီးတာက စိတ်ဓာတ်ကြံခိုင်မှုနဲ့ ကြိုးစားမှုက လူတစ်ယောက်အတွက် တော်တော်လေး အရေးကြီးတယ်။
အခုနောက်ဆုံးအနေနဲ့ ဒီ Popular's Choice ပရိတ်သတ်တွေအတွက် အစ်ကိုအနေနဲ့ စကားလေးနည်းနည်းလောက် ပြောပြပေးပါအုံး
ပရိတ်သတ်ကို ကျွန်တော်မပြောချင်ဘူးဗျ။ ပရိတ်သတ်ကပဲ ကျွန်တော့်ကိုပြောစေချင်တယ်။ ဘာလို့လည်းဆိုတော့ ဒီဟာက ဒီလို၊ သူတို့ပြောတာတွေကို နားထောင်ပြီး ပြင်ချင်တယ်။ ဒါကြောင့်မို့လို့ ပရိတ်သတ်က ကြိုက်တာပြောပါ။ ကျွန်တော်လက်ခံပါတယ်။
အခုလိုမျိုး အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ဒါရိုက်တာဝိုင်းကို ညီမတို့ Popular's Choice အဖွဲ့သားတွေက အထူးပဲကျေးဇူးတင်ပါတယ်။
ကျွန်တော် ဒီ Popular's Choice အဖွဲ့သားတွေအပါအ၀င် ဒီ ရင်ခုန်သံ FM website အဖွဲ့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။