• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ညီမ သိချင်တာတစ်ခုက အရင်တုန်းကအစ်ကိုက သရုပ်ဆောင်ပဲလုပ်ခဲ့တာနော်။ အဲ့တော့သရုပ်ဆောင်လုပ်နေရင်းနဲ့မှ ဒါရိုက်တာဘက်ကို အစ်ကို ဘယ်လိုမျိုးပြောင်းပြီးလုပ်ဖြစ်သွားတာလဲ။ ဘယ်လိုစိတ်ကူးရသွားတာလဲ။
စိတ်ကူးရသွားတာမဟုတ်ဘူး။ ကျွန်တော်က ဒီလို အသက် ၂၃ နှစ်လောက်မှာကတည်းက ရည်ရွယ်ချက်ရှိတယ်။ ၃၀ ပြည့်ရင် ဒါရိုက်တာလုပ်မယ်။ ဘယ်နည်းနဲ့မဆို လုပ်မယ်။ သရုပ်ဆောင်လုပ်တုန်းကလည်း မိုက်မိုက်ကန်းကန်းဆုံးဖြတ်ပြီးလုပ်ခဲ့သလို ဒါရိုက်တာလုပ်တော့လည်း မိုက်မိုက်ကန်းကန်းဆုံးဖြတ်ပြီး ၂၆ နှစ်လောက်ကနေစပြီး ပြင်ဆင်တယ်။ ဇာတ်ညွှန်းသင်တာတို့ ဘာတို့ကအစ ဦးညီထွန်းတို့ဆီမှာ
အဲ့လိုမျိုးစပြီးတော့ ဒါရိုက်တာဘက်ကို ပြောင်းလာတဲ့အချိန်မှာရော အစ်ကိုအနေနဲ့ အခက်အခဲတွေဘာတွေရော ရှိခဲ့သေးလား။
ပထမဆုံးအခက်အခဲကတော့ ကျွန်တော် ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ လေ့လာချိန်ရဖို့အတွက် သရုပ်ဆောင်အလုပ်ကို ၃ နှစ်လောက် ကျွန်တော်စွန့်ပြစ်လိုက်တယ်။
စွန့်ပြစ်ပြီးတော့မှ အစ်ကို ဒီဘက်အတွက် လေ့လာဖြစ်တာပေါ့။
ဟုတ်တယ်။ ဒီဘက်အတွက် လေ့လာတယ်။ music တွေကိုလေ့လာတယ်။ ပြီးတော့ MTV တွေလေ့လာတယ်။ မျိုးစုံပေါ့။ နောက်ဆုံး ဒါရိုက်တာ ဆိုတာ ကားရိုက်ဖို့အထိရှိတော့ လေ့လာရတဲ့အားတွေများတယ်လေ။ အဲ့လိုနားလိုက်လို့လဲ လေ့လာမှုအားကောင်းပြီး နည်းနည်းဝမ်းစာကြွယ်တာပေါ့နော်။
အဲ့တာဆိုရင် အစ်ကိုရဲ့သရုပ်ဆောင်ဘက်မဟုတ်တော့ဘဲနဲ့ ဒါရိုက်တာဘက်ကို ကူးပြောင်းလာတဲ့အခါမှာ အစ်ကိုရဲ့လက်ဦးဆရာတွေဆိုရင် ဘယ်သူတွေဖြစ်မလဲ။
ကျွန်တော်ရဲ့လက်ဦးဆရာဆို ဟိုးတလောကဆုံးသွားတဲ့ ဦးမောင်၊ ထွန်းထွန်းနိုင်ပေါ့။ ပြီးတော့ ဦးညီထွန်းလွင်ပါ။ ကျန်တဲ့သင်ဆရာ၊ ကြားဆရာ။ မြင်ဆရာကတော့ များပါတယ်။ ဘာလို့လဲဆိုတော့ ငယ်ငယ်လေးကတည်းက ကျွန်တော်က ကျွန်တော့်ကိုရိုက်တဲ့ ဒါရိုက်တာတွေ ရိုက်နေရင် ဘယ်လိုရိုက်တယ်။ ဘယ်လိုဖြစ်တယ်ဆိုတာ အမြဲတမ်းပေါ့နော်။ မြင်ဆရာ၊ ကြားဆရာတွေရှိတာပေါ့။
ဒုတိယတစ်ပုဒ်ဆိုရင်ကော အစ်ကို ဘယ်သီချင်းလေးရွေးပေးမလဲ မသိဘူး။
ကျွန်တော်က ဒုတိယတစ်ပုဒ်ဆို သတိရရင်ပြီးတာပဲ။
ဒီသီချင်းလေးက အရမ်းအဓိပ္ပါယ်လည်းရှိတယ်။ ကိုမျိုးကျော့ကိုယ်တိုင် ရေးထားတာဆိုတော့လေ။ အစ်ကိုရဲ့ ဒီသီချင်းအပေါ်ကို ကြိုက်ရတဲ့ ခံစားချက်လေးကိုလည်း ပြောပြပေးပါအုံး။
ဒီသီချင်းကလေ ဘယ်လိုပြောမလဲ။ ကိုမျိုးကျော့ကတော့ ဘယ်လိုစိတ်ကူးနဲ့ရေးလဲမသိဘူး။ ဒီသီချင်းလေးကို နားထောင်ပြီးတဲ့အချိန်မှာ ကိုမျိုးကျော့မြိုင်က တော်တော်ချစ်တတ်တဲ့လူတစ်ယောက်ပဲလို့ စိတ်ထဲမှာခံစားမိတယ်။ အဲ့လောက်ချစ်တတ်၊ ခံစားတတ်တဲ့လူတစ်ယောက် အကြောင်းကို ဘယ်လိုလုပ်ပြီးတွေးမိလည်းပေါ့နော်။ အနုပညာရှင်တစ်ယောက်အနေနဲ့ သူရဲ့ Thinking ကိုပြန်စဉ်းစားတာပေါ့နော်။ ကိုမျိုးကျော့တော်တော်ချစ်တတ်တယ်နဲ့ တူပါတယ်။ ချစ်တတ်တာလေးကို သဘောကျပြီး အဲ့ဒီသီချင်းလေးကို ကြိုက်တာ။ ဒီလိုဆိုးတဲ့ကောင်မလေးကို ခွင့်လွှတ်ပြီးတော့ ချစ်ချစ်မချစ်ချစ် သတိရရင်ပြီးတာပဲ ဆိုပြီးတော့ လူတစ်ယောက်ရဲ့စွန့်လွှတ်နိုင်မှုပေါ့နော်။ အဲ့တာလေးကို ကြိုက်တာ။