• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဒါဆိုအစ်ကိုရော အပြင်မှာအဲ့လိုခံစားချက်ရှိတဲ့လူတစ်ယောက်လို့ ပြောလို့ရလား။ အစ်ကိုကိုယ်တိုင်ရော
အင်း ရှိတော့ရှိနိုင်ပါတယ်။ ဒါပေမယ့် သူ့လောက်တော့မချစ်နိုင်ဘူးနဲ့ တူတယ်။ အဲ့လောက်တော့ ခွင့်မလွှတ်နိုင်ဘူး။ ကျိန်းသေးတယ်။
ဒါဆိုလို့ရှိရင် ဒီသီချင်းလေးကိုလည်း ထပ်ပြီးတော့ နားထောင်ကြည့်မယ်နော်။ ဒါနဲ့ အစ်ကို ဇာတ်ကားတွေမရိုက်ခင်ပေါ့။ VCD ကိုပဲ အစ်ကိုကြိုပြီးတော့ ရိုက်ခဲ့ရမှာပေါ့နော်။ MTV တို့ VCD တို့တစ်တွေ အဲ့လိုမျိုးရိုက်တာလား။
ဟုတ်တယ် ကျွန်တော် ကားတွေမရိုက်ခင်မှာ သူငယ်ချင်းတစ်ယောက်က music producer လုပ်တယ်လေ။ အလုပ်ဆိုတာလည်း လုပ်ခွင့်ရတဲ့အခွေပေါ်မူတည်တာကိုး။ အဲ့အချိန်မှာ ကျွန်တော့်ကိုကားရိုက်ဖို့ ဒါရိုက်တာတစ်ယောက်အဖြစ် ဘယ်သူကမှယုံကြည်မှုမရှိကြဘူးလေ။ အဲ့မှာကိုယ်နိုင်တဲ့ဟာလေးကို ကိုယ်စလုပ်ရင်းနဲ့ ဒီလမ်းကနေပဲ ငါအောင်မြင်အောင်ဖောက်မယ်ပေါ့။ လမ်းဆိုတာက လမ်းချောဖြစ်ဖို့ လမ်းကြမ်းကပဲစရမှာပဲလေ။ အဲ့တော့ အဲ့လမ်းလေးကနေ စဖောက်ရင်းနဲ့ ဒီလိုအခြေအနေရောက်လာတာပါ။
အဲ့လို VCD တို့ MTV တို့ရိုက်တဲ့အခါမှာလည်း အစ်ကိုက တခြားလိုမျိုးရိုးရိုးတန်းတန်း သီချင်းဆိုရင်လည်း သီချင်းဘက်ကိုသွားတာမဟုတ်ဘူးလေ။ story သဘောမျိုးလုပ်ထားတယ်။ Idea လေးတွေကလည်း တခြားလူတွေနဲ့ မတူဘူး။ အရမ်းဆန်းတယ်။ အဲ့လိုစိတ်ကူးတွေရလာအောင် အစ်ကိုဘယ်လိုလုပ်ခဲ့လဲ။
အဲ့ဒါကျွန်တော်က ဘယ်လိုကြည့်လဲဆိုတော့ ဥပမာ ၀တ္ထုစာအုပ်တွေရှိတယ်လေ။ ကျွန်တော်ငယ်ငယ်တုန်းကဆို short story လေးတွေ အရမ်းကြိုက်တယ်။ Ending လေးမှာ အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းတယ်လေ။ အဲ့နေရာမှာ ဖြတ်နိုင်ဖို့အရေးကြီးတယ်။ အဲ့တော့ ကျွန်တော်ကလည်း စဉ်းစားတယ်ပေါ့။ ဗီဒီယိုကားတွေ၊ ရုပ်ရှင်ကားတွေဆိုတာ ၀တ္ထုတစ်ပုဒ်လိုပေါ့။ သီချင်းလေးတစ်ပုဒ်ဆိုတာမျိုးကတော့ short story ပုံစံမျိုး ကျွန်တော်တို့နိုင်ငံမှာ ပီပီပြင်ပြင်တင်ပြနိုင်တဲ့လူ မရှိဘူးလေ။ အဲ့တော့ နောက်ဆုံးကဒ်က ဟင်ကနဲ ဟာကနဲဖြစ်ပြီး ရင်မှာထဲဆို့ပြီးကျန်ခဲ့မယ်ဟာမျိုး ငါတင်ပြနိုင်ရင် ငါ အောင်မြင်နိုင်မယ်လို့ စိတ်ကူးမိတယ်။ အဲ့ဒီစိတ်ကူးရတာနဲ့ ဒီလမ်းကိုချမိတာပါ။
အဲ့လို VCD တွေရိုက်ခဲ့တဲ့ သီချင်းတွေအများကြီးထဲကမှ အစ်ကိုအကြိုက်ဆုံး၊ လက်စွမ်းပြလို့ အကောင်းဆုံးသီချင်းတစ်ပုဒ်က ဘယ်သီချင်းဖြစ်မလဲမသိဘူး။
ပရိတ်သတ်အကြိုက်တွေ့တာကတော့ ချောချောလေးမို့ ချစ်တာတို့။ မင်းတစ်ယောက်သာ တကယ့်ကိုပေါ့နော်။ ကမ္ဘာကနေအားလုံး အသိအမှတ်ပြုလိုက်တာကတော့ ရောသမမွှေထဲက သီချင်းပါ။
ဒါဆိုလို့ရှိရင် အစ်ကိုနောက်ထပ်ကော VCD ရိုက်ဖို့ရှိသေးလား။
VCD ဆိုရင် ကျွန်တော်အခု ကားရိုက်တာများတဲ့အတွက် VCD သိပ်မရိုက်နိုင်ဘူး။ ကျွန်တော်က အလုပ်တစ်ခုလုပ်ရင် နောက်တစ်ခုကိုအာရုံမရတတ်ဘူး။ အဲ့တာကြောင့် နောက်ပိုင်း ကျွန်တော် VCD ကိုနည်းနည်းရှောင်တယ်။ ဒါပေမယ့် ဟိုတစ်နေ့က ကိုဝိုင်ဝိုင်းနဲ့တွေ့တော့ ကိုဝိုင်ဝိုင်းကသီချင်းတစ်ပုဒ်ရိုက်ချင်တယ်ဆိုတော့ ဘာပဲပြောပြောကိုဝိုင်ဝိုင်းဆိုတာက ကိုယ်လည်းကြိုက်တဲ့ အဆိုတော်ဆိုတော့ သူ့အနုပညာကိုလည်းလေးစားတယ်။ အဲ့တာနဲ့ အဲ့ဒီတစ်ပုဒ်ကိုရိုက်ဖို့တော့လက်ခံထားတယ်။ ကျန်တဲ့လူတွေကိုလည်း ရိုက်ပေးဖို့ရှိပါတယ်။ ဒါပေမယ့်ကျွန်တော်တကယ့်ကိုမအားလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က နည်းနည်း short story လေးထုတ်ဖို့ဆိုတာက အချိန်ယူပြီး တည်ဆောက်ရတာကို သူများကို ဟင်ခနဲအံသြချင်ရင် ကိုယ်က ဟင်ခနဲအံသြဖို့အတွက် လုပ်ရတဲ့ကိစ္စက အတော်ကြာတာကိုး။ အဲ့တာကိုနားလည်ဖို့ပဲ အရေးကြီးပါတယ်။
မျိုးကျော့မြိုင် - သတိရရင်ပြီးတာပဲ