• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
တတိယသီချင်းလေးလည်း ရွေးပေးပါအုံးနော်။
တတိယသီချင်းလေးက Shania Twain ရဲ့ You're Still the One
Shania Twain ရဲ့ သီချင်းလေးတွေအတော်များများက သူ့အဓိပ္ပါယ်လေးနဲ့သူရှိတယ်လေ။ ဒီသီချင်းမှာရော အစ်ကိုကဘယ်လိုအဓိပ္ပါယ် မျိုးကို ပိုပြီးတော့ကြိုက်သွားတာလဲ။
ကျွန်တော်က ပထမဦးဆုံးသီချင်းမစခင် သူစကားပြောတာလေးကို ကြိုက်တာ။ ငါ မင်းကိုမြင်တယ်။ အချစ်ကိုမြင်တယ်။ ငါ မင်းကိုထိတွေ့ကိုင်တွယ်တယ်။ ငါ အချစ်ကိုကိုယ်တွယ်ရသလိုပဲ။ အရမ်းကောင်းပါတယ်။
ဒါဆိုလို့ရှိရင် အစ်ကိုအခုရွေးပေးထားတဲ့ ၃ ပုဒ်နဲ့တင်ပဲ အချစ်သီချင်းတွေက ပိုပြီးတော့ များသွားတာဆိုတော့ ကိုဝိုင်းဟာ အရမ်းချစ်တတ်တဲ့လူတစ်ယောက်လို့ ပြောလို့ရလား။
အဲ့လိုတော့ပြောလို့မရဘူးနဲ့ တူတယ်။ ခံစားတတ်တဲ့လူလို့ ပြောရင်ပိုမှန်မှာပေါ့နော်။ ခံစားချက်နဲ့အလုပ်လုပ်နေရတဲ့လူဆိုတော့လေ ရင်ထဲကို feeling လာမှလုပ်တဲ့လူဆိုတော့လေ feeling သီချင်းလေးတွေ ရွေးဖြစ်တာဖြစ်မှာပါ။
ဒါဆိုလို့ရှိရင် သီချင်းရေးတဲ့ဘက်မှာရောအစ်ကိုစိတ်ဝင်စားသေးလား။
အဲ့တာတော့ကျွန်တော် ဘယ်လိုမှလုပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော် မလုပ်နိုင်တဲ့အလုပ်ထဲမှာ သီချင်းရေးတာပါတယ်။ ပန်းချီဆွဲတာပါတယ်။ မလုပ်နိုင်ပါဘူး။ စာဆိုလည်း ၀တ္ထုတိုတစ်ပုဒ်လောက်ပဲ ရေးနိုင်ပါတယ်။ကျန်တဲ့အနုပညာကိစ္စကတော့ ကျွန်တော် သိပ်မလွယ်ပါဘူး။
Shania Twain - You're Still the One