• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဇာတ်ကားတစ်ကားရိုက်တဲ့အခါမှာ အစ်ကိုဘယ်လိုပြင်ဆင်လဲပေါ့နော်။ မင်းသားမင်းသမီးကိုပဲ အရင်ရွေးချယ်ခဲ့တာလား။ ဒါမှမဟုတ် ဇာတ်လမ်းကိုအရင်ရွေးချယ်ခဲ့တာလား။ အဲ့တာလေးလည်း သိချင်ပါတယ်။
ကျွန်တော်က အရင်တုန်းကပေါ့နော်။ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က လုပ်တာကဇာတ်လမ်းကိုအရင်ရွေးတယ်။ ဇာတ်လမ်းကို အရင်ရွေးပြီးတော့မှ မင်းသားမင်းသမီးနဲ့ညှိတာ။ အခုနောက်ပိုင်းကျတော့ မင်းသား၊ မင်းသမီးက ကိုယ့်ကိုအရင်ရွေးတယ်။ ကိုယ့်ကိုအရင်ရွေးတဲ့အခါကျတော့ ကိုယ်ကသူတို့နဲ့လိုက်မယ့်ဇာတ်လမ်းကိုအတတ်နိုင်ဆုံးရှာပြီးတော့ ရိုက်ရတယ်။ တစ်ခါတစ်လေကျရင်လည်း ကိုယ်တွေ့ထားတဲ့ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျဖြစ်တယ်။ မဖြစ်ဘူးဆို ကျွန်တော်လူလဲတယ်။ မလိုက်တဲ့ဟာမျိုးကိုတော့ အတင်းကာရောမလုပ်ပါဘူး။
အစ်ကိုရိုက်ခဲ့တဲ့ ကားတွေမှာလည်း တစ်ကားနဲ့တစ်ကားက ပုံစံချင်းလည်းမတူဘူး။ Idea ချင်းလည်း မတူဘူးဆိုတော့လေ။ ဒီဇာတ်လမ်းစစချင်းရေးခဲ့တဲ့အခါတွေမှာ ကိုယ်ပိုင်ပဲလုပ်ခဲ့တာလား။ ကျောရိုးယူခဲ့တဲ့ ကားမျိုးလေးတွေလည်း ရှိခဲ့သေးတယ်နော်။
ရှိတာပေါ့။ ဥပမာ အိပ်မက်စေညွန်းရာတို့ နေကြတ်ချိန်တို့ဆိုရင် နိုင်ငံခြားကားကိုနည်းနည်းမှီတာလေ။ မှီတယ်ဆိုသော်ငြားလည်း ငါ ဘာလုပ်ပြလို့ရမလဲပေါ့နော်။ ကိုယ့်အနေနဲ့ ဒီကားထက်သာအောင် ဘယ်လိုရိုက်မလဲ။ နေကြတ်ချိန် original ကားက သူတို့ဆီမှာ မပေါက်ဘူး။ လုံးဝလူမကြိုက်ဘူး။ ကိုရီးယားမှာ ဒါပေမယ့် ဒီမှာကျတော့ပေါက်တယ်လေ။ ဒီကစကားလုံးကအစ သူတို့ဆီမှာ မပါတဲ့စကားလုံး။ ပြီးတော့ emotion ပေါ့နော်။ ဇာတ် ending တွေကအစ မတူအောင်လုပ်တယ်လေ။ အဲ့တာတွေကြောင့်လည်း ဒီနေကြတ်ချိန်က အောင်မြင်သွားတာပေါ့။
နောက်ထပ်တစ်ကားလည်း ရှိသေးတယ်နော်။ အသည်းကွဲလေဒီ။ အဲ့မှာကကျတော့ ဒါကအစ်ကိုရဲ့ကိုယ်ပိုင်ဇာတ်လမ်းလိုမျိုး ဖြစ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့သတိထားမိတယ်။ Own Creator ဆိုပြီးပါသွားတယ်။ အဲ့အကြောင်းလေးလည်း ပရိတ်သတ်သိအောင် နည်းနည်းပါးပါးပြောပြပေးပါအုံး။
အသည်းကွဲလေဒီဆို စပြီးတော့ကျွန်တော်ဇာတ်ညွှန်းသင်ခါစမှာ ရေးထားတဲ့ဇာတ်လမ်း။ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဇာတ်လမ်းပေါ့နော်။ ကျွန်တော် သူများကားကို ခိုးချတယ်။ သူများရိုက်ပြီးသားကားကို ပြန်ရိုက်တယ်ဆိုရင် ကျွန်တော်မြတ်နိုးတဲ့ Own Creator ဆိုတဲ့နာမည် လေးကို မတတ်ဘူး။ ရိုးရိုးတန်းတန်း ၀ိုင်းဆိုတဲ့တစ်လုံးပဲ တပ်တယ်။ ကျွန်တော့်ရင်နဲ့ သေချာခံစားပြီးရိုက်တယ်။ ဖန်တီးပြီဆိုရင် Own Creator ကိုတတ်တယ်။ Own Creator လို့တပ်ထားတဲ့ကားကို ကြည့်တဲ့လူဆိုရင် ကျွန်တော်အာမခံရဲတယ်။ ဒီကားကောင်းမယ်လို့။ ၀ိုင်းကိုတော့ အာမမခံဘူး။ ပြီးတော့ VCD ကျတော့ သီချင်းတစ်ပုဒ်ကို နားထောင်တယ်။ ကျွန်တော့်ရင်ထဲမှာ ခံစားတဲ့ ခံစားချက်နဲ့ မျက်စိထဲမှာ မြင်တဲ့အရုပ်၊ ပြီးတော့ပညာ အဲ့တာတွေနဲ့ပေါင်းစပ်ပြီးတော့ ကျွန်တော် create လုပ်တာလေ။ ကျွန်တော် တပ်ရတာ တပ်ရကျိုးနပ်တယ်လို့ ထင်ပါတယ်။