• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
စတုတ္ထမြောက်သီချင်းလေး ရွေးပေးပါအုံး။
စတုတ္ထမြောက်သီချင်းလေးက နှစ်ယောက်ဆိုထားတာ။ ဒီသီချင်းလေးက အလွမ်းသီချင်းသိပ်မဆန်ဘူး။ ကျွန်တော်ကြိုက်တဲ့ အဆိုတော်ပေါ့နော်။ ကိုညီထွဋ်ရယ် မချောစုခင်ရယ် လမ်းကလေးတဲ့။
ဒီလမ်းကလေးက အားလုံးရဲ့ကိုယ်စားဆိုတဲ့ အခွေထဲမှာပါတာနော်။ သီချင်းက နည်းနည်းလည်းကြာနေပြီနော်။ သီချင်းကို crazy ဖြစ်တဲ့လူတွေမှပဲ နားထောင်ဖူးမှာနော်။
ဒါပေမယ့် နားထောင်ပြီးတဲ့လူတိုင်း ကြိုက်မှာ။ ဥပမာဒီသီချင်းလေးဆိုရင် အမှတ်တရရှိတယ်လေ။ အမှတ်တရရှိတယ်ဆိုတာ ကျွန်တော် အဲ့ဒီသီချင်းကိုနားထောင်တာ ၂၇၊ ၂၈ ပတ်ဝန်းကျင်လောက်က ဒါရိုက်တာစသင်နေပြီ။ ဇာတ်ညွှန်းစပြီးရူးနေပြီပေါ့။ အဲ့သီချင်းလေးနားထောင်ပြီးတော့ အရုပ်ကလေးတွေမြင်လာတယ်။ အဲ့တုန်းက ဒါရိုက်တာလည်း မဖြစ်သေးဘူး။ ကိုယ့်ဘာသာကိုယ် စိတ်ကူးယဉ်ပြီးတော့ ကိုယ့်ဘာသာကိုယ်ရူးခဲ့တာလေ။ အမှန်တကယ်ကတော့ ဒီအချိန်မှာပြန်တွေးမိရင် ရီတော့ရီစရာကြီးပေါ့။
ရီစရာတော့ မဖြစ်ပါဘူး။ ဒါဆိုလို့ရှိရင် ဒီသီချင်းလေးနားထောင်ပြီးတော့ ပရိတ်သတ်တွေကို ခံစားခိုင်းလိုက်မယ်နော်
ဇော်ဝင်းထွဋ်၊ ချောစုခင် - လမ်းကလေး