• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဇာတ်ကားတစ်ကားရိုက်တဲ့အခါမှာ အစ်ကိုက ဇာတ်ကားထဲမှာပါတဲ့သရုပ်ဆောင်တွေရဲ့ action တွေတင်မဟုတ်ဘူးပေါ့နော်။ အရာဝတ္ထု၊ ပစ္စည်းလေးတွေရဲ့ လှုပ်ရှားမှုလေးတွေကိုပါ အရမ်းဂရုစိုက်တယ်။ အဲ့တာဘယ်လိုမျိုးကြောင့် အစ်ကို့မှာစိတ်ကူးလေး ရခဲ့တယ်ဆိုတာလည်း သိချင်ပါသေးတယ်။
ကျွန်တော့်ရဲ့ဒီပစ္စည်းတို့ ဘာတို့ဆိုတာကပေါ့နော်။ ကျွန်တော်လုပ်ထားတဲ့ Link ပေါ့နော်။ ကားတွေရဲ့ Link ပေါ့နော်။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတယ်။ ရှင်းရှင်းပြောရရင် emotion ကိုမျက်နှာနဲ့ မပြဘဲပစ္စည်းနဲ့ ပြတာရှိတယ်။ ပစ္စည်းလေးတစ်ခုကို ရဖို့အတွက် တစ်ခါတစ်လေသုံးရက်လောက် အချိန်ကုန်တာရှိတယ်။ တွေးတာပေါ့နော်။ ဥပမာပေါ့နော်။ သူ့အပူကိုဘာနဲ့ပြမလဲပေါ့။ ရေနွေးငွေ့နဲ့ ပြမလား။ မီးနဲ့ပြမလား။ သူများနဲ့ မတူအောင်ပြချင်တယ်ဆိုရင် ဘာနဲ့ပြမလဲပေါ့။ အဲ့လို detail လေးတွေ ခေါင်းစားနိုင်တာကြောင့်လည်း ကျွန်တော့်ကားလေးကို လူကြိုက်များတာနဲ့တူတယ်။
ဒါဆိုလို့ရှိရင် နောက်ထပ်ကော အစ်ကိုအနေနဲ့ emotion နဲ့ပတ်သက်ပြီးတော့ ဂရုတစိုက်လုပ်ထားတဲ့ ကားလေးတွေရော ထပ်ရှိသေးလား။
ရှိတယ်။ အခုကျွန်တော် ပြေတီဦးရယ်။ သက်မွန်မြင့်ရယ်။ မေကဗျာရယ် ရိုက်ထားတဲ့ကားလေးဆို တော်တော်ကောင်းတယ်။ သက်မွန်မြင့်ဆို အရမ်းချောတယ်။ ဒါပေမယ့်စိတ်ပုတ်တဲ့ကောင်မလေး။ မေကဗျာကကျတော့ သွားကခေါ။ ရုပ်ကဆိုးတဲ့ ကောင်မလေး။ ဒါပေမယ့် စိတ်ကလေးက အရမ်းကောင်းတယ်။ မိန်းကလေးနှစ်ယောက်မှာပေါ့နော်။ အချစ်ကြောင့် ရုပ်ချောပြီး စိတ်ပုတ်တဲ့ကောင်မလေးက စိတ်လေးသန့်ရှင်းသွားတယ်။ တစ်ယောက်ကကျတော့ ရုပ်ဆိုးပြီး စိတ်ဖြူစင်တဲ့ကောင်မလေးက စိတ်ပုတ်သွားတယ်။ အဲ့ဒါကိုဘာနဲ့ပြလည်းဆိုတော့ စိတ်ပုတ်တဲ့ကောင်မလေးက စိတ်ဖြူစင်သွားတာကို ညပိုင်းမှာသူဆိုးနေတဲ့ လက်သည်းနီကို ဖျက်တာနဲ့ပြတယ်။ အချစ်ကြောင့်ခံစားရပြီး ဖြူစင်တဲ့စိတ်ကလေး ပုပ်သွားတာကိုကျတော့ လက်သည်းနီပြန်ဆိုးတာနဲ့ ပြတယ်ပေါ့နော်။
အော် ဟုတ်ကဲ့အစ်ကို ဒါဆိုလို့ရှိရင် နောက်ထပ်သီချင်းလေးတစ်ပုဒ်လောက်လဲရွေးပေးပါအုံး။
နောက်ထပ်သီချင်းလေးတစ်ပုဒ်က သီချင်းအေးအေးလေးပဲပေါ့နော်။ တစ်ဘ၀လုံးချစ်မယ့်သူ
ကိုဆောင်းဦးရဲ့သီချင်းလေး။ တစ်ဘ၀လုံးချစ်မယ့်သူဆိုတော့ ဒီသီချင်းရဲ့ခံစားမှုကိုလည်း ပြောပြပေးပါအုံး။
ကျွန်တော်က စာသားလေးကိုကြိုက်တာဗျ။ ကိုဆောင်းဦးရေးတာလေ။ မချစ်တတ်လို့မဟုတ်ဘူးကွာ။ အချစ်ငတ်လို့ရွာလည်ခဲ့တာ။ အဲ့စာသားလေးကိုကြိုက်တာ ပြီးတော့အဲ့သီချင်းလေးက ဘယ်လိုပြောမလဲ ဒီနေ့သီချင်းတွေဆို အကြိမ်ကြိမ်နားထောင်မှ နားထဲရောက်တာရှိတယ်။ သူကတစ်ခါတည်းနားထောင်ရုံနဲ့ ငြိတယ်။ အဲ့တာဂီတရဲ့အစွမ်းသတ္တိပဲနဲ့ တူတယ်။
သူရဲ့တခြားသီချင်းတွေကိုရော ကြိုက်တာရှိသေးလား။
သူရဲ့သီချင်းတွေတော်တော်များများ ကျွန်တော်ကြိုက်တယ်။ ဥပမာ နှလုံးသားစီရင်ခန်းမှာဆိုရင် ကျွန်တော်တစ်ပုဒ်ယူသုံးတယ်။ ကျွန်တော်တို့ဂီတရပ်ဝန်းမှာထဲက ပရိတ်သတ်လည်းကြိုက်တယ်။
ဆောင်းဦးလှိုင် - တစ်ဘ၀လုံးချစ်မယ့်သူ