• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဗီဒီယိုဇာတ်ကားတွေ၊ VCD အကြောင်းတွေပဲ ပြောနေရတာ အစ်ကိုရဲ့ရုပ်ရှင်ကားကြီးအကြောင်းလည်း ပြောဖို့ကျန်သေးတယ်။ ကျောက်ဆက်ရည်ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း တစ်ခုခုပြောပေးပါအုံး။ အစ်ကို ဒီဇာတ်ကားကို ဖန်တီးခဲ့ရတဲ့ ပုံစံလေးတွေပေါ့။
ကျောက်ဆက်ရည်ဇာတ်ကားကို ဖန်တီးရတယ်ဆိုတာ ကျောက်ဆက်ရည် ဇာတ်ကား အချိန်တုန်းကပေါ့နော်။ ရုပ်ရှင်ကားကြီးတစ်ကားရှိ တယ်ပေါ့။ ဒါပေမယ့် ကျွန်တော်ပြန်လုပ်တဲ့ အခါကျတော့ မတူဘူး။ ပရိတ်သတ်တွေ ဘယ်လိုခံစားရမလဲဆိုတော့ ကားတော့ကားပဲပေါ့နော်။ 1975 Familiar နဲ့ 2000 မှာပေါ်တဲ့ပြိုင်ကားနဲ့ အဲ့လိုတော့ကွာတယ်။ ကြည့်ရတာလဲ ဘယ်လိုပြောမလဲ ရန်ကုန်မြို့ကို ကြည့်နေရတာနဲ့ မတူစေရဘူး။ ကျွန်တော်ရိုက်ပြထားတာ။ ရုံမှာပဲ ကြည့်တော့ပေါ့နော်။ ကျွန်တော်ဘယ်လို ရိုက်ပြထားတယ်ဆိုတာ ကျွန်တော်အရမ်းကြိုးစားထားပါတယ်။ တော်တော်လေးလည်း ဒေါင်းသွားတယ်။ ကားက မပြီးသေးဘူးပေါ့နော်။ တစ်ဝက်မှာတင် တော်တော်ဒေါင်းတယ်။ သုံးရက်စာ လေးရက်စာလောက် ကျန်သေးတာပေါ့။
အဲ့ကားနဲ့ ပတ်သက်ပြီးတော့ အစ်ကို ဖန်တီးရတဲ့အပေါ်မှာရော အားရကျေနပ်မှုရှိခဲ့တာပေါ့
ရှိပါတယ်။ ရှိတယ်ဆိုတာ ကိုယ့်ထက်ဝါကြီးတဲ့သရုပ်ဆောင်တွေကလည်း အရမ်းကိုတာဝန်ကျေတယ်လေ။ Professional ပီသတယ်ပေါ့နော်။ နောက်မြင့်မြတ်ပေါ့။ အရမ်းကြိုးစားပြီး အရမ်းကောင်းပါတယ်။ ကျွန်တော် ဇာတ်ညွှန်းတွေကြိုပေးထားတာကို သေချာကြည့်ပြီးလုပ်တော့ ဇာတ်လမ်းကထင်တာထက်ပိုပြီး ကောင်းလာတယ်။
အဲ့ကားကိုရော ညီမတို့တစ်တွေ ဘယ်တော့လောက်များရုံမှာ ကြည့်ရမလဲမသိဘူး။
ကျွန်တော် ထင်ပါတယ်။ ၂၀၀၉ ၅ လပိုင်း၊ ၆ လပိုင်းတော့ကြည့်ရမှာပါ။
ဒီအစီအစဉ်ရဲ့ နောက်ဆုံးသီချင်းလေးကိုလည်း ပြောပြပေးပါအုံး။
လောလောဆယ် ဒီသီချင်းလေးကို လောလောဆယ်ကျွန်တော့်ရင်ထဲမှာ အကြိုက်ဆုံးဖြစ်နေတဲ့သီချင်းလေးတစ်ပုဒ်ကို ရွေးပေးလိုက်မယ်။ ဘာလို့လဲဆိုတော့ အခုဒီသီချင်းက တကယ့်ကို heart ထိတယ်။ ရှင်းရှင်းပြောရရင် ဆိုတဲ့လူက သူ့တစ်သက်တာမှာ အဲ့လောက်ကို နောက်ထပ်တစ်ခါရမယ် မထင်ဘူး။