• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဟုတ်လား။ ဘယ်လိုသီချင်းများလဲ။ ဘယ်သူသီချင်းများလဲ။
ဖြိုးကြီး
ဟုတ်လား။ အဲ့ဒါဆိုရင် ဖြိုးကြီးရဲ့သီချင်းတွေက အများကြီးပဲအစ်ကို ဘယ်လိုသီချင်းမျိုးလဲ။ heart ထိစေတဲ့သီချင်းစာသားဆိုတော့ စိတ်တောင်ဝင်စားလာပြီ။
မမေ့နိုင်
မမေ့နိုင် အော် ဒါနောက်ဆုံး Master Love Songs ထဲမှာပါထားတဲ့သီချင်းလေးနော်။ အဲ့တာဆိုရင် အဲ့သီချင်းလေးရဲ့ ခံစားချက်လေးလဲ။
ကျွန်တော်က အဓိကကတော့ သီချင်းကိုကြိုက်တာထက်လေ ဖြိုးကြီးရဲ့ Vocal Power နဲ့ သူ့ရင်ထဲက mood ကိုပေါင်းစပ်နိုင်မှုကို ကြိုက်တာ။ သူရဲ့အနုပညာကိုကြိုက်တာပေါ့နော်။ သီချင်းစာသားကလည်း သူရဲ့ခံစားချက်နဲ့ တော်တော်လေးကွက်တိဖြစ်တယ်နဲ့ တူတယ်။ mood ကအရမ်းကောင်းတယ်။ ဖြိုးကြီးသီချင်း ကျွန်တော်နားထောင်သမျှထဲမှာ ဒီသီချင်းအကောင်းဆုံးပဲ။ လောလောဆယ် ထွက်နေသမျှထဲမှာလည်း ကျွန်တော်သိသလောက်ကတော့ ဖြိုးကြီးဆိုတဲ့ mood ကိုဘယ်သူမှမမှီနိုင်ဘူး။ အဲ့တာကြောင့်မို့လို့ ဒီသီချင်းကို ကြိုက်တာ။
ဒါဆိုလို့ရှိရင် နောက်ထပ်တစ်ခုမေးချင်သေးတယ်။ ဒီသီချင်းကိုများ အစ်ကိုကိုယ်တိုင် အရုပ်နဲ့ပြရမယ်ဆိုရင် အစ်ကိုဘယ်လိုမျိုး ရိုက်ပြချင်လဲ။
အဲ့တာဆိုရင်တော့ ကျွန်တော်ကပေါ့နော်။ အဲ့တာလေးကိုလေ ကျွန်တော်ကြိုးတန်းလေးတွေနဲ့ ရိုက်ပြချင်တယ်။ ကြိုးရောင်စုံလေးတွေနဲ့ ကြိုးဆိုတာကတော့ အဆင့်ဆင့်ပြတ်တဲ့သဘောရှိပါတယ်။ ထုံးလိုက်ပြတ်လိုက် နဲ့ တဖြည်းဖြည်းပြတ်သွားတာပေါ့။ အဲ့လိုမျိုးနဲ့ ချစ်သူနှစ်ယောက်ရဲ့ အကြောင်းကိုပြချင်တယ်။ ကြိုးဆိုတာကတော့ ချက်ချင်းကြီးတော့မပြတ်ဘူး။ တင်းလွန်းအားကြီးလို့ ပြတ်တာပေါ့။
ဖြိုးကြီး - မမေ့နိုင်