• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ချစ်ခြင်းတရားနဲ့ ပြည်ထောင်စုဆိုတဲ့သီချင်းလေးကို နားထောင်ပြီးတော့မှ သမီးတစ်ခုသတိထားမိတယ်။ ဆရာ မြ၀တီမှာလေ MTV ရိုက်ခဲ့တဲ့ အကျိုးပြုသီချင်းလေးလည်း ရှိသေးတယ်နော်။ Series တွဲအနေနဲ့ရိုက်ထားတာလေ။
မဟာထင်တယ်။ အဲ့တာလည်းဖွင့်ပေါ့လေ။ ဒီသီချင်းလေးကလည်း ပေါ်ပေါက်လာပုံပေါ့။ ပေါ်ပေါက်လာပုံလေးလည်း မဖွင့်ခင်မှာပြောပြချင်ပါတယ်။ ဒီသီချင်းလေးက မြ၀တီရုပ်သံအတွက် MTV ရိုက်ရင်းနဲ့ ပုဂံရောက်တဲ့အချိန်မှာ ဖြစ်လာတာပါ။ ဆရာ အဲ့တာနဲ့ပတ်သက်ပြီး ဆောင်းပါးရေးဖူးပါတယ်။ စွယ်တော်လေးဆူဖူးလိုက်တယ်ပေါ့နော်။ ရွှေစည်းခုံရယ်၊ တန့်ကြည်တောင်ရယ်၊ ပြီးတာနဲ့ လောကနန္ဒာရယ်၊ လောကနန္ဒာကနေ တူရွင်းတောင်ကိုဖြတ်တာပေါ့။ ကားလမ်းလေးအတိုင်းလာတဲ့အချိန်မှာ ဘုရားနှစ်ဆူလောက်ဖူးပြီး ဟိုဘက်ကမ်းကူးလိုက်မယ်ဆိုရင် အဲ့အချိန်က နေ့လည်အတော်နေပူပြီး ၁၂ ကျော်လောက်ရှိပြီ။ နေပူထဲ ဆရာတို့ကားလေးနဲ့ ဖြတ်လာတဲ့အချိန်မှာ မမျှော်လင့်ဘဲ တူရွင်းတောင်နားရောက်ခါမှ မိုးရွာတယ်။ မိုးရွာတဲ့အချိန်ကျတော့ ပုဂံဘုရားပျက်တွေရဲ့ အုတ်ပုံလေးတွေပေါ့။ အဲ့ဒီအုတ်ပုံလေးကို နေပူချိန်မှာ မိုးကရွာချလိုက်တော့ မြေသင်းနံလေးထွက်လာတယ်။ အဲ့ဒီအုတ်ပုံလေးနဲ့ ပန်းချီသဘောအရဆိုရင် သိပ်ကောင်းတယ်။ တစ်ခြမ်းက မြေမထိတဲ့ဟာလေးတွေက ခြောက်နေတယ်။ တစ်ချို့နေရာက စိမ်းနေတယ်။ အဲ့လိုဖြစ်နေတဲ့အချိန်မှာ ဆရာ့စိတ်ထဲမှာဘယ်လိုခေါ်မလဲ အနုပညာနဲ့ပတ်သက်ပြီး လှုံဆော်မှုအာရုံတစ်ခုပေါ့။ အဲ့ဒီအာရုံလေးတစ်ခုရနေတယ်။ ဒီဟာကို ဆရာ ခံစားပြီးတော့ ရေးချင်တယ်ပေါ့နော်။ အဲ့တာနဲ့ မှတ်စုစာအုပ်လေးကို ထုတ်ပြီးတော့ မိုးတွေကလည်းရွာ၊ မှတ်စုစာအုပ်ထဲမှာ စာသားတွေကအလိုလိုကျလာတာ။ ပထမဦးဆုံးစတွေ့တဲ့ မြင်ကွင်းကတော့ အုတ်နံရံတွေက အိုဟောင်းနေပြီ။ အုတ်ချပ်တွေပေါ့။ ဒါပေမယ့် အဲ့ဒီအုတ်ချပ်တွေက အိုဟောင်းလွန်းသော နံရံအုတ်ချပ်များ မြန်မာဟေ့လို့ ဟစ်ကြွေးနေတယ်ပေါ့။ အခုချိန်ထိ ပုဂံဟာနိုင်ငံခြားသားတွေက လာပြီးတော့ လေ့လာနေရတုန်း။ ပုဂံမှာ ဓာတ်ပုံရိုက်ရင် ဘယ်တော့မှမထပ်ဘူး။ ဘုရားတွေကလည်း များတာကို။ ပုဂံမှာလည်း ပထမနိုင်ငံတော်ကြီး အနော်ရထာမင်း နောက်တစ်ခါ ရှင်အရဟံ သာသနာအစကလည်း ရှင်အရဟံ ပဋိကတ်သုံးပုံကို သထုံကနေ သယ်လာတာ။ အဲ့တော့အနော်ရထာမင်းရော ရှင်အရဟံရော စိတ်ထဲမှာအကုန်ပေါ်လာတာ။ စာသားတွေက အလိုလိုစီပြီးသားလေးတွေ ကျလာသလိုပဲ။ နှစ် ၅၀ မြောက် တပ်မတော်နေ့ အဲ့မှာ မြ၀တီစလွှင့်တာ ပထမဦးဆုံးနေ့၊ ပထမဦးဆုံးသီချင်းအနေနဲ့ မဟာကိုလွှင့်တာပေါ့။ မဟာကိုလွှင့်တဲ့အခါကျတော့ လူကြီးတွေကလည်း သဘောကျတာပေါ့နော်။ အဲ့တော့ မဟာသီချင်း ပရိတ်သတ်ကြားထဲရောက်သွားတယ်။ ဟိုလူကတောင်း ဒီလူကတောင်းနဲ့ တစ်ပုဒ်ထဲဖြစ်နေတယ်။ အဲ့တာနဲ့ ထုတ်ဝေသူကလည်း ပေါ်လာတယ်။ မဟာသီချင်းနဲ့ စီးရီးလုပ်ချင်တယ်ဆိုတော့ မဟာသီချင်းနဲ့တွဲပြီးတော့ အချစ်သီချင်းတွေတော့ ရေးလို့မရဘူးလေ။ ဘာမှလုပ်လို့မရဘူးဆိုတာနဲ့ ဘယ်လိုခံစားမလဲဆိုတော့ မဟာသည် ပထမနိုင်ငံ၊ အဲ့တော့မြန်မာနိုင်ငံမှာ ဒုတိယနိုင်ငံတွေ ရှိခဲ့တယ်။ အဲ့တော့ဘုရင့်နောင်ခေတ်၊ တတိယနိုင်ငံရှိတယ်။ အလောင်းဘုရားဦးအောင်ဇေယျ၊ စတုတ္ထနိုင်ငံကျတော့ လွတ်လပ်ရေးကိုရအောင် ဖြတ်သန်းနေတဲ့ခေတ်ပေါ့နော်။ နယ်ချဲ့ကျူးကျော်ခေတ်ပေါ့နော်။ အဲ့တာရေးမယ်။ ပဉ္စမနိုင်ငံကိုတော့ လက်ရှိမြန်မာနိုင်ငံ အဲ့တာကိုဧရာဝတီမြစ်ကြီး။ ဒီခေတ်လေးခေတ်လုံးကို သိနေတာဧရာဝတီမြစ်ကြီး။ အဲ့တာကြောင့် မဟာ ၁၊ ၂၊ ၃၊ ၄၊ ၅ ဆိုပြီးတော့ ရေးမယ်ဆိုပြီးတော့ ရေးတာ။ အဲ့တာလည်းရေးရော ဆရာမကြီးဒေါက်တာမတင်ဝင်းဆီလည်း သွားရတာပေါ့နော်။ သမိုင်းကြောင်းတွေမေး၊ ခေတ်ကြီးတွေကလည်း အများကြီးပဲ နောက်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကလည်း များတယ်။ အဲ့တာတွေအားလုံးကို သီချင်းစာလေးအဖြစ် ရေးရတာအတော်လေးကို ခက်ခဲတယ်။ ဒီစကားလုံးတွေ ဘယ်လိုထည့်မလဲဆိုတဲ့ ပြဿနာပေါ့။ ၆ လလောက်ကြိုးစားလိုက်ရတော့ သီချင်း ၅ ပုဒ်ဖြစ်သွားတယ်။ ဖြစ်သွားပြီးတော့မှ ညီထွဋ်တို့အဖွဲ့တွေနဲ့ MTV လှည့်ရိုက်ပေါ့။ ဒီအခွေက Nonstop ရိုက်ဖြစ်တယ်။ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကလည်း ဆက်နေတယ်။ Music တွေကလည်း expression တွေကို ဖော်ပေးနေတာပေါ့။ မောင်မောင်လွင်တို့ ဇော်မျိုးထွဋ်တို့က ကြိုးစားပမ်းစားတီးကြတာပေါ့။ အားလုံးစုစည်းညီညွတ်မှုနဲ့ ဒီသီချင်းကြီးက နာရီဝက်စာ Nonstop တည်ပြီးလုပ်လိုက်တာ MTV လည်းဖြစ်တယ်။ အဲ့တုန်းက ၁၉၉၆ ဆိုတော့ Visit Myanmar Year အဲ့ဒီဟာကိုလည်း ကြိုတဲ့အနေနဲ့ အင်္ဂလိပ်စာကို စာတန်းထိုးတယ်။ စာတန်းထိုးပြီးတော့ Visit Myanmar Year ကိုဖြန့်တာပေါ့။ အဲ့တုန်းက အတော်လေးကို အောင်မြင်ခဲ့တယ်လို့ ခေါ်ရမှာပေါ့နော်။
ဇော်ဝင်းထွဋ် - မဟာ