• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဟုတ်ကဲ့ပါ
အဲ့ဒီအာရုံအရဆိုရင် သုံးရာသီ သီချင်းလေးကိုကြိုက်တယ်။ ဘာကြောင့်ကြိုက်လဲဆိုတော့ ဆရာတို့တုန်းက (၇၄)ခုနှစ် ဆရာတို့တက္ကသိုလ်ကျောင်းသားဘ၀နဲ့ကျောင်းတက်တဲ့အခါကျတော့ ဒီရာဇူးထဲမှာပေါ့နော်။ အဲ့ဒီတုန်းက ဆရာဒါရိုက်တာမောင်ဝဏ္ဏရဲ့ ပန်းတွေနဲ့ဝေခေတ်စားတယ်။ ခေတ်စားတော့ အဲ့ဒီထဲမှာ ညွှန့်ဝင်းပေါ့နော် အောင်လတ်ဆိုတဲ့ ညွှန့်ဝင်းရဲ့ ဇာတ်ကောင်နာမည်လည်း သတိရနေတာပေါ့နော်။ ခင်ယုမေပေါ့နော်။ သူတို့ကွဲသွားတဲ့အခါကြတော့ ချစ်မိုးကြီးသီချင်းနဲ့လွမ်းတယ်။ သုမောင်ဆိုတယ်ထင်တယ်။ ကိုသုမောင်ကြီးဆိုတယ်။ အဲ့ဒီသီချင်းကိုလည်း မြန်မာသံထဲမှာ ဆရာကြိုက်တယ်။ အဲ့ဒီသီချင်းမြန်မာသံတစ်ပုဒ်ပဲ အဲ့ဒါကိုတခုတ်တရကျက်ထားတာပေါ့နော်။ ချစ်မိုးကြီးကျတော့ မိုးတွင်းအခါပဲ လွမ်းတာပေါ့။ လွမ်းတယ်ဆိုတော့ ဆရာတကယ်တမ်းကြတော့ သုံးရာသီးလုံးလွမ်းချင်တာပေါ့နော်။ သုံးရာသီလုံးလွမ်းချင်တဲ့အခါကြတော့ သုံးရာသီလုံးလွမ်းလို့ရမဲ့သီချင်း ဘာများရှိမလဲပေါ့နော်။ အဲ့ဒီအချိန်က ဆရာ့မှာ အလွမ်းဓာတ် အလွမ်းခံတွေကလဲ ရှိတဲ့အခါကြတော့ သုံးရာသီလုံးလွမ်းလို့ရမဲ့သီချင်း ကိုအံကြီးသီချင်းကို သွားတွေ့တယ်ပေါ့နော်။ တက္ကသိုလ်အေးမောင်လည်း ဆိုဖူးတယ်ပေါ့နော်။ အဲ့ဒီသုံးရာသီကြတော့ ဘာလို့ကောင်းလဲဆိုတော့ သီချင်းမှာ Verse နဲ့ Chorus ရှိမှာပေါ့လေ။ အဲ့ဒီတော့သံမြိုင်ဘက်ပြောင်းသွားတဲ့အချိန်မှာ တစ်ရာသီနဲ့တစ်ရာသီမှာ နွေကနေမိုး မိုးကနေဆောင်း အဲ့လိုပြောင်းသွားတဲ့အချိန်မှာ မယ်လိုဒီပါလိုက်ပြောင်းသွားတာ။ ဒီနွေရာသီလေးမှာစတဲ့အလွမ်းလေး ခြောက်ခြောက်သွေ့သွေ့လေးမှာ အလွမ်းကစပေါ်တယ်။ မိုးကျတဲ့အခါကြတော့ စိုစိုစွတ်စွတ်ကျတော့ ပိုပြီးလွမ်းလာတာပေါ့။ ဆောင်းကျအေးတဲ့အခါကြတော့ တစ်ကိုယ်ထဲပိုပြီးတော့လွမ်းလို့ကောင်းတာပေါ့နော်။ နောက်ပြီးတော့ ဆရာနဲ့တိုက်ဆိုင်တာက ဒီမြူမှုန်မှုန်ချိန်ခါဆိုပြီးတော့ ဆရာက January မွေးတာလေ။ January မွေးတာဆိုတော့ ဆရာအမေမွေးတဲ့အချိန်က ဒီလိုပဲ မြူနှင်းမှုန်တွေကျတဲ့အခါ ဆိုတော့ ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ မြူမှုန်မှုန်ချိန်ခါဆိုပြီးတော့ ကိုယ့်မွေးနေ့အမှတ်တရ ဆောင်းပါးရေးတဲ့အခါမှာ ခေါင်းစဉ်လေးယူပြီးတော့တောင် ရေးလိုက်သေးတယ် ဟိုတလောက အင်း.Popular Newထဲမှာပေါ့ ။ အဲ့ဒီတော့ ဒီမယ်လိုဒီတွေပြောင်းသလို သီချင်းလေးကလဲလှတယ်။Phrasing လည်းလှတယ်။ ဆိုလို့လည်းကောင်းတယ်။ဆရာကိုယ်တိုင်လည်း မရှက်တမ်းဝန်ခံရမယ်ဆိုရင် အဲ့ဒီတုန်းက အဲ့ဒါလေးနဲ့ ဆရာအိမ်သူကို လွမ်းခဲ့ဖူးတယ်ပေါ့နော်။ အဲ့ဒါလေးကို ပြန်ပြီးတော့ခံစားကြည့်တာပေါ့နော်။ ဆရာ့ အတိတ်ဘ၀ရဲ့ ပထမဦးဆုံးသီချင်းအနေနဲ့ခံစားပေးပါလို့။
ဟုတ်ကဲ့ပါဆရာ။ ဒီသီချင်းက ဟိုလေ အခုနောက်ပိုင်း ပြန်ဆိုတဲ့ Version ရှိတော့ဆရာ သမီးတို့ဘယ်Version ကိုဖွင့်ပြပေးရမလဲ။
အင်းအဲ့ဒီအထဲမှာ ကိုရင်ဂိုပေါ့နော်။ ကိုရင်ဂိုက ဟိုတလောကထွက်တယ်လေ တူရိယာလုလင်။ အဲ့ဒီထဲမှာအဲ့ဒါလေး ပြီးတော့ music တီးထားတာလေးကလည်း ပိုပြီးတော့ကောင်းလာတယ်။ ကောင်းလာတဲ့နောက် ကိုရင်ဂိုရဲ့အသံလေးကလဲ ချိုချိုနွဲ့နွဲ့လေးပေါ့နော်။ သူအရင်တုန်းကRockဆိုတာ ဆိုတာပဲ။ ဒါပေမဲ့ Rockသီချင်းကနေပြီးတော့ ဒီလိုမြန်မာသီချင်းလေးတွေဆိုတော့ ဆရာတို့လည်းကြိုက်ပါတယ်။ နောက်ပြီးတော့ ဒီသီချင်းတွေကလည်း အရင်တုန်းက ကိုအံကြီးတို့ဘာတို့ရေးဖွဲ့ထားတဲ့ စာသားလေးတွေက အရမ်းလှတယ်လေ။ အရမ်းလှတော့ သူ့အသံလေးနဲ့လိုက်တော့ ဒီသီချင်းလေးကို ကိုရင်ဂိုရဲ့versionလေးပဲ ခံစားကြည့်ရင်ကောင်းမယ်။
ရင်ဂို - သုံးရာသီ