• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဟုတ်ကဲ့ဆရာ။ ဒီသုံးရာသီဆိုတဲ့သီချင်းပြီးသွားတော့ ဆရာဘယ်လိုသီချင်းမျိုးလေးကို ထပ်ပြီးတော့ရွေးပေးအုံးမှာလဲရှင်။
သုံးရာသီကအလွမ်းလေးပေါ့။ အချစ်ပေါ့။ အဲ့တော့ ရသအပိုင်းဆိုရင် သဃာရရသပေါ့။ အင်းအဲ့တော့ ရသ ၉ ပါး အတိုင်း သွားမယ်ဆိုတော့ ဟာသရသလေးပါတဲ့ အရွှင်ပေါ့နော်။ ရွှင်ရွှင်မြူးမြူးလေး မေဆွိရဲ့ ကိုကိုစိတ်ကူးယဉ်ပေါ့။ ၈၉လောက်မှာ ထွက်တယ်ထင်တယ်။ အဆိပ်သင့်သူစီးရီးထဲကလေ။ အင်ဒိုနီးရှားသံစဉ်လေး။ ဆရာကတော့ လက်တွေဘ၀နဲ့ စိတ်ကူးယဉ်တဲ့ဘ၀နဲ့ စိတ်ကူးတာကလွယ်တယ်လေ။ လောကမှာစိတ်ကူးတာက ပိုက်ဆံမှမပေးရတာ။ ဒါပေမဲ့ စိတ်ကူးကိုအကောင်အထည်ဖော်ပြီဆိုရင် လက်တွေ့ဘ၀ထဲကို ဒီစိတ်ကူးကြီးကိုထည့်လိုက်ပြီဆိုရင် နောက်က Admin ကလိုက်လာပြီ။ Adminက လိုက်လာပြီဆိုရင် စီမံရမယ်၊ ကွပ်ကဲရမယ်၊ ဒီစိတ်ကူးကို အကောင်အထည်ဖော်ရမယ်။ အကောင်အထည်ဖော်လာတဲ့အပြင် ရိုးရိုးအကောင်အထည်ဖော်ရုံနဲ့မရဘူး အောင်မြင်လာအောင်လုပ်ရအုံးမယ်ဆိုတော့ စိတ်ကူးယဉ်ဘ၀နဲ့ လက်တွေ့ဘ၀နဲ့ကတကယ်ခြားတယ်။ အဲ့ဒီခြားနားနေတဲ့ဘ၀ကို လူတွေကပေါ့ စကားတွေ လွယ်လွယ်ကူကူ ပြောကြတယ်။ ပြောပြီးလို့ရှိရင် စိတ်ကူးအိပ်မက်တွေ၊ လူတိုင်းတော့အိပ်မက်မက်ခွင့်ရှိတယ်။ ဒါပေမဲ့ အဲ့ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက်ကြတော့ လူတိုင်းမဖော်ဖြစ်သွားကြဘူး။ အောင်မြင်တဲ့သူတွေကြည့်လိုက်လို့ရှိရင် အဲ့ဒီအိပ်မက်တွေကို အိပ်မက်အတိုင်းဖြစ်လာအောင် အကောင်အထည် ဖော်သွားတာ။ အခုဆိုရင် ဆရာဖေမြင့်ရဲ့ စာအုပ်တွေကြည့်လိုက်လေ။ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဆရာတို့ဆိုရင် ငယ်ငယ်တုန်းက အောင်ဝင်း(စိတ်ပညာ)စာအုပ်တွေ ဖတ်ခဲ့ရတယ်။ နောက် Auto Suggestion ပေါ့။ ငါဘာဖြစ်ရမယ်၊ ငါဘာလုပ်ခဲ့ရဖူးတယ်။ ဒါလောကီအောင်မြင်မှုပေါ့နော်။ ဒါအခု လောကုတ္တရာအပိုင်းက အခုမှရောက်တာပါ။ ဟိုဘက်ကတုန်းကတော့ ဒီလောကီမှာ တခုခုအောင်မြင်မှုအတွက်ကို ကိုယ်စိတ်ကူးအိပ်မက် မက်လိုက်တယ်ပေါ့။ ဆရာတို့ဆို ငယ်ငယ်တုန်းက စစ်ကားတွေသိပ်ကြိုက်တယ်။ သိပ်ပြီးတော့ စစ်ဗိုလ်ဖြစ်ချင်တယ်။ ကစားလို့ရှိရင်လည်း စစ်တိုက်တိုင်းပဲ ကစားကြတယ်။ ဒါပေမဲ့ တကယ်ဖြစ်လာတဲ့အချိန်ကျတော့ ကိုယ်ငယ်ငယ်တုန်းက စစ်တိုက်တိုင်း ကစားတာနဲ့မတူတော့ဘူး။ တကယ့်ကို ကိုယ့်ကိုပစ်မှာလည်း သေနတ်ပဲ။ သူကလည်း ကိုယ့်ကိုသေအောင်လုပ်မယ်။ ကိုယ်ကလည်း သူ့ကိုသေအောင်လုပ်မယ်။ အဲ့ဒီကြားထဲ ဖြစ်သမျှအကူအညီနဲ့ ဒီဟာတွေ ရှောင်တိမ်းပြီးတော့ ဗျူဟာတွေမြောက်လုပ်ဖို့ လှုပ်ရှားဖို့အတွက်ကြတော့ စိတ်ဓာတ်ခွန်အားရော၊ ကာယခွန်အားရော၊ ကျန်းမာရေးလည်း ကောင်းဖို့လိုမယ်။ စိတ်ဓာတ်ခွန်အားလဲ ကောင်းဖို့လိုမယ်။ အဲ့ဒါတွေနဲ့ ပေါင်းစပ်ပြီးတော့ ဒီစိတ်ကူးယဉ်ခဲ့တဲ့ဘ၀တခုကို လက်တွေ့ကြလာတဲ့အချိန်မှာ အဲ့ဒီလက်တွေ့ မင်းရပြီလေ။ မင်းလိုချင်တဲ့ဘ၀ရပြီ။ မင်းငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့တဲ့စစ်သား၊စစ်ဗိုလ်ဘ၀ မင်းရောက်ပြီ။ အဲ့ဒါကို အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာ အဲ့ဒီမှာအခက်အခဲတွေ၊ struggle တွေအများကြီးဖြတ်ရမယ်။ တော်ရုံတန်ရုံစိတ်ဓာတ်နဲ့ တော်ရုံတန်ရုံရုပ်ပိုင်းဆိုင်ရာ၊ တော်ရုံတန်ရုံစိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ အခက်အခဲတခုကိုဖြတ်လို့မရဘူး။ အဲ့ဒါကြောင့် စိတ်ကူးယဉ်ရတာလွယ်တယ်။ လက်တွေ့ဘ၀ကခက်တယ်ဆိုတာ အဲ့ဒါတွေကိုပြောပြချင်တယ်။ အဲ့ဒါကြောင့်မြူးမြူးကြွကြွလေး လူငယ်တွေလည်းနားထဲဝင်သွားအောင် စိတ်ထဲမှာလဲခံစားလို့ရအောင် ဆိုတော့ စိတ်ကူးယဉ်ဘ၀နဲ့ လက်တွေ့ဘ၀နဲ့ အဲ့ဒီ ၈၉၊၉၀ ပတ်ဝန်းကျင်မှာရှိနေတဲ့အခြေအနေတွေနဲ့ ကိုက်ညီအောင်ဆိုပြီးတော့ ဒီသီချင်းလေးကိုရေးလိုက်တာပေါ့နော်။
မေဆွိ - ကိုကိုစိတ်ကူးယဉ်