• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဟုတ်ကဲ့ဆရာရေ။ နောက်ထပ်သီချင်းတပုဒ်ကို သမီးတို့ထပ်ပြီးတော့ မဖွင့်ပြသေးဘူး။ ဆရာ့ကိုစာပေနဲ့ ပတ်သက်ပြီးတော့ နဲနဲလောက်သိချင်သေးတယ်ဆရာ။ ဆရာစာရေးတာကိုပေါ့နော်။ ဘယ်အချိန်မှာစပြီးတော့ ရေးဖြစ်ခဲ့တာလဲမသိဘူးနော်။
စရေးဖြစ်ခဲ့တာတော့ ၇၄မှာပေါ့နော်။ ၀တ္တုတိုလေးတစ်ပုဒ်ကနေစပြီးတော့ ပါခဲ့တာပေါ့။ တကယ်တမ်းကြတော့လည်း ဟိုးငယ်ငယ်လေးထဲ ရေးနေတာပါပဲ။ ဟိုးငါးတန်း၊ ခြောက်တန်းကတည်းက နံရံကပ်စာစောင်တွေ ဘာတွေမှာ ရေးပြီးတော့ ကိုယ့်ဟာကိုထုတ်ပေါ့နော်။ ပထမဦးဆုံးရေးတာတော့ စကားပြေတွေရေးတယ်။ နောက်ပိုင်းကြတော့ တက္ကသိုလ်ရောက်တဲ့အခါကြတော့ ကဗျာဆရာတွေနဲ့ပေါင်းတော့ ကဗျားဘက်ကိုအားသန်တယ်။ ကဗျာတွေကိုရေးဖြစ်တာပေါ့။ တက္ကသိုလ်လေးနှစ် ၇၄၊၇၈ အဲ့ဒီပတ်ဝန်းကျင်မှာတော့ Main Library ကဆရာရဲ့ကုန်းကြမ်းတွေ ရယူတဲ့နေရာကြီးပေါ့။ Main Library မှာစာအုပ်မျိုးစုံဖတ်၊ ကဗျာဆရာ၊ စာရေးဆရာတွေနဲ့ပေါင်း။ သီချင်းရေးဆရာတွေနဲ့ပေါင်း တစ်ဖက်ကလည်း ကိုသိန်းတန်(မြန်မာပြည်)ဆီမှာ ဂစ်တာသင်တန်းတွေသွားတက် စာပေရော၊ဂီတရောကို စပြီးတော့ ပျိုးနေတာပေါ့နော်။ ပျိုးနေရင်းနဲ့လည်း တစ်ဘက်ကလည်း စာအုပ်ဖတ်များတော့ တက္ကသိုလ်မဂ္ဂဇင်းမှာလဲ မဂ္ဂဇင်းကော်မတီထဲမှာလည်း ပါတာပေါ့။ ပါပြီးတော့ စာမူရွေးချယ်တာတွေဘာတွေလုပ်။ မဂ္ဂဇင်းလဲဖြစ်အောင်လုပ်ပေါ့နော်။ အဲ့လိုလည်းလုပ်ခဲ့တယ်။ အဲ့ဒီတက္ကသိုလ်မဂ္ဂဇင်းမှာလည်း ကဗျာတွေ ရေးခဲ့တာပေါ့။ အပြင်ဘက်တွေလည်းရှုမ၀ ဆရာတို့ခေတ်က ရှုမ၀မိုးဝေပေါ့ အဲ့မှာလဲ ဘ၀သရုပ်ဖော်ဝတ္တုတွေရေးတယ်ပေါ့။ ၇၄ နှင့် ၇၈ခုနှစ်ကြားမှာ တော်တော်ရေးဖြစ်တယ်။ ကဗျာထက်စာရင် စကားပြေကိုပိုပြီးတော့ ရေးဖြစ်တယ်ထင်တယ်။ ဒါပေမဲ့ ပို့တယ်မပါဘူး။ ရှုမ၀ထဲလဲမပါဘူး။ မိုးဝေထဲမှာလဲမပါဘူး။ မပါဘဲလဲ အဲ့ဒါတွေပဲ ၀တ္တုတိုလေးတွေ ၀တ္တုရှည်တွေ ကိုသိမ်းထားတာပေါ့။ သိမ်းထားတယ်။ အဲ့လိုပဲကျင်လည်ခဲ့ရတာပေါ့နော်။
နောက်ထပ်တခုရှိတာက တချို့တွေဆိုရင် စာဆိုလို့ရှိရင်လည်း စာပဲရေးတယ်။ သီချင်းဆိုလို့ရှိရင်လည်း သီချင်းပဲရေးတယ်။ ဆရာလိုမျိုးပေါင်းမိတာ နည်းနည်းရှားမယ်နော်ဆရာ။
အင်း.ဆရာကတော့ စာကိုဝါသနာကြီးတာကိုး။ စိတ်ထဲကလေ တွေးနေတော့လေ တစ်ခါခါကြရင် စာသားချမရေးတာ စိတ်ထဲကစာကားလုံးတွေတော့ ရေးနေတာပဲ စိတ်ထဲမှာတော့ အမြဲတမ်း အတွေးထဲမှာ အမြဲတမ်းရေးနေတာပေါ့နော်။ စကားပြေခွန်အားကောင်းတဲ့ဟာတွေလဲ သိပ်ကြိုက်တာပေါ့။ ဆရာတို့ခေတ်တုန်းကဆို ဆရာငြိမ်းကျော်တို့ဘာတို့ အချစ်ဝတ္တုတွေ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက အဲ့ဒါတွေကြိုက်ခဲ့တယ်။ ဆရာနိုင်ဝင်းဆွေတို့ မဟူရာမေတ္တာတွေဘာတွေပေါ့နော်။ နောက်ဆရာချစ်ဦးညိုတို့ဘာတို့လဲ ဆရာတို့ကြိုက်ခဲ့တာပေါ့။ လင်္ကာဒီပချစ်သူတို့ ဘာတို့ပေါ့နော်။ အဲ့ဒီတုန်းက စကားပြေအားတွေဘာတွေအရမ်းကောင်းတယ်။ အဲ့ဒါတွေ သူတို့ဆီက အတုယူပေါ့။ အဲ့တော့ စကားပြေလည်းကြိုက်တယ်။ ကဗျာကိုလည်း နှစ်သက်တယ်။ အဲ့ဒီတော့ ကဗျာနဲ့ဂီတနဲ့ပေါင်းလိုက်တော့ သီချင်းတွေဖြစ်လာတယ်။ နောက်ပြီးတော့ စကားပြေကြိုက်တဲ့အခါကြတော့ ဆောင်းပါးရေးဖြစ်တယ်။ ၀တ္တုတွေရေးခဲ့တဲ့ဟာကြောင့် ဇာတ်ညွှန်းတွေလဲရေးဖြစ်လာတာပေါ့။ အဲ့ဒီတော့ ၀တ္တုအတို၊အရှည်၊ဆောင်းပါး၊သီချင်း၊ကဗျာအကုန် ရေးတာပေါ့နော်။ နောက်ပြီးတော့ အတတ်ပညာ၊ အနုပညာကလေ အတတ်ပညာတစ်ခုနဲ့ တစ်ခုကလဲ ဆက်စပ်နေတာပေါ့။ ဆောင်းပါးရေးတဲ့သူကလည်း ၀တ္တုရေးတဲ့အခါကြတာပေါ့ ပိုကောင်းတာပေါ့။ ၀တ္တုတိုရေးပြီဆိုရင် ဆောင်းပါးမှာရေးတဲ့အခါ ပိုကျစ်လျစ်လာတယ်။ ၀တ္တုရှည်ရေးပြီဆိုရင်လည်း ၀တ္တုတိုရေးခဲတဲ့လက်က စကားပြေဖွဲ့တဲ့အခါ ပိုကျစ်လာတယ်။ နောက်တခါ ကဗျာတွေရေးခဲ့တဲ့အတွက်ကြောင့် သီချင်းမှာ စကားလုံးခွန်အားတွေ ပိုကောင်းလာတယ်။ အဲ့ဒီတော့ တခုနဲ့တခုဆက်စပ်နေတော့ ဆရာကတော့ ဘာခေါ်မလဲ။ အသိပညာ၊ အနုပညာလောဘကြီးတယ် ခေါ်မလားမသိဘူး။ အကုန်ငတ်မွတ်ပြီးတော့ တခါတည်း ဟို..crazyဖြစ်တာပေါ့။ စာဆိုရင် အကုန်လုံးဖတ်တော့တာ။ အကုန်လုံးရေးချင်နေတာ။ အကုန်လုံးဖန်တီးချင်တာပဲ။ အဲ့ဒါကြောင့်မို့လဲ ဆောင်းပါးရော ၀တ္တုရော ကဗျာရော သီချင်းရော အကုန်ရေးဖြစ်တာပေါ့နော်။
ဟုတ်ကဲ့ပါဆရာ ဟုတ်။ အဲ့ဒီတော့ ဆရာရေးခဲ့တဲ့စာအုပ် အရေအတွက် အခုဆိုရင် ဘယ်နှစ်အုပ်လောက်ရှိသွားပြီလဲ မသိဘူးဆရာ။
အခုဆိုရင် ၂၁အုပ်တော့ ရှိပြီပေါ့။ ဒါပေမဲ့ ဟိုတုန်းကရေးခဲ့တဲ့ဟာတွေကတော့ စာအုပ်မဖြစ်တာတွေအများကြီးပါ။ ၀တ္တုတိုတွေ ၀တ္တုရှည်တွေပေါင်းပြီးတော့ စာအုပ်မထုတ်ဖြစ်ခဲ့ဘူး။ အဲ့ဒါတွေလဲရှိတာပေါ့နော်။ ဒါကတစ်ပိုင်းပေါ့။ အခုဒီဘက်ကျတော့မှ ဓမ္မဘက်ကိုရောက်ပြီးတော့မှ ဓမ္မရသဆောင်းပါးတွေနဲ့ ရေးခဲ့တာတော့ ၂၁အုပ်ရှိပြီပေါ့။