• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဟုတ်ကဲ့ပါဆရာ။ အဲ့ဒီအခု ရေးခဲ့တဲ့ ၂၁အုပ်ထဲကနေပေါ့နော် ဆရာအားအရဆုံးစာအုပ်လေးကိုလည်း ပြောပြပေးပါအုံး။
အားအရဆုံးကတော့ မဟာစည်ရိပ်သာမှာ တရားအားထုတ်ရင်းနဲ့ တရားအားထုတ်ပြီးတော့ပေါ့နော် သုံးလ ဒုလ္လဘရဟန်းဝတ်ပြီးတော့ သေသေချာချာ စနစ်တကျတရားအားထုတ်ပြီးမှရေးခဲ့တဲ့ ဥပက္ခာဝန်းပေါ့နော်။ အဲ့ဒါ ဆရာစီဒီလည်း လုပ်ထားပါတယ်။ အသံပေါ့နော်။ E-Bookသဘောမျိုး စကားပြောအသံသွင်းခွေလေး လုပ်ထားပါတယ်။ နောက် ဥပဒါန်ရဲ့အာရုံ၊ နောက် ကျွန်တော်မကောင်းဘူး ၊နောက်အခုနောက်ဆုံးထွက်ခဲ့တဲ့ စိတ်ထဲရိပ်ခနဲ ပေါ့။ ဒါပေမဲ့ ဟိုးတုန်းက ဆရာဓမ္မဆောင်းပါးတွေစရေးတော့ ပထမဦးဆုံး ဒုတိယလောက် ထွက်ခဲ့တဲ့စာအုပ် မမေ့မလျော့သော သတိဖြင့်နေထိုင်ခြင်းတို့၊ နောက်ငြိမ်းချမ်းသောစိတ်ဖြင့်မငြိမ်းချမ်းသောအာရုံများကိုဖြတ်ကျော်ခြင်းတို့၊ မှောင်မိုက်ခြင်းရဲ့ အဓိပ္ပာယ်အလင်းတန်းတွေ့ရင် သိလိမ့်မယ် အဲ့ဒါတွေကတော့ ပိုပြီးတော့လူကြိုက်များပါတယ်။
ဆရာ ပြီးတော့လည်းလေ ဆရာ တပ်မတော်ထဲ ၀င်သွားတာကြတော့ရော ဒီစာပေရေးရင်းနဲ့ပဲ ၀င်သွားတာလား၊ သီချင်းရေးဆရာဖြစ်ပြီးတော့မှ ၀င်သွားတာလား။ ဘယ်အချိန်လောက်ဖြစ်မလဲ မသိဘူး။
အော်၇၈ဟုတ်တယ်။ အဲ့ဒါလေးပြန်ပြောရမှာ။ ၇၈ခုနှစ်လောက်မှာ Oasis တီးဝိုင်းမှာ Band Player အနေနဲ့တီးတယ်။ တီးတော့ ဒေါ်ဖြူသီက မိုင်ပေါင်းကုဋေစီးရီးထုတ်တယ်ပေါ့နော်။ ထုတ်တော့ ဆရာတို့က တီးရင်းနဲ့သီချင်းတွေရေးပါဆိုတော့ ဆရာက သီချင်းတွေ ကိုယ်ပိုင်သံစဉ်သီချင်းတွေ အပုဒ်(၃၀)လောက်ရေးပြီးနေပြီ။ ထုတ်မယ့်သူလဲမရှိ ဆိုမယ့်သူလဲမရှိဘူးပေါ့နော်။ ဆိုတော့ အဲ့ဒီမှာ ဂီတမှုးကိုသက်က သူငယ်ချင်းဆိုတော့ သူရေးထားတယ်ဆိုတာနဲ့ အဲ့ဒီမှာသွားပြီး ရေးဖြစ်လိုက်တာပေါ့။ နှစ်ပုဒ်ပေါ့နော်။ မျက်ရည်ပန်းခွေနဲ့ ဝေဒနာမရှာဘူး ဆိုတာ ဖြူသီရဲ့ မိုင်းပေါင်းကုဋေစီးရီးထဲမှာ ၇၈မှာပါဝင်တာ။ အဲ့လိုရေးနေရင်းနဲ့ပဲ မမျှော်လင့်ဘဲနဲ့ တပ်ထဲကိုအကြောင်းတခုကြောင့် ရောက်သွားတာ။ အဲ့ဒါနဲ့ တပ်မတော်သားဖြစ်သွားတယ်ဆိုပါစို့။ ၈၀ခုနှစ်မှာ တပ်ထဲရောက်သွားတာ။ ရောက်သွားတဲ့အချိန်မှာ ဗိုလ်လောင်းဘ၀နဲ့ မှော်ဘီကနေပြီးတော့ Out Pass တွေဘာတွေထွက်လာတော့ မြို့ထဲမှာဆိုင်းဘုတ်ထောင်ထားတဲ့အခါမှာ တေးရေးမြသန်းစံဆိုတာ စတွေ့တာပဲ။ ကိုယ့်နာမည်ကို ကိုယ် သီချင်းရေးဆရာနာမည်နဲ့ စတွေ့တာပေါ့။