• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
အဲ့ဒါဆိုရင်ဆရာဒီတပ်မတော်ထဲကိုရောက်ပြီးမှဆိုတော့ တပ်မတော်သားတွေနဲ့ပတ်သက်တဲ့ ခံစားချက်သီချင်းလေးတွေရော ဆရာ ရေးဖြစ်သေးလား။
အင်း.ရေးတယ်လေ။ုကိုယ်ကိုတိုင်မရေးဖြစ်ခင် ဆရာလေးစားတဲ့၊ ဆရာအားကျတဲ့၊ အတုယူခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ပေါ့နော်။ ဆရာစိုင်းခမ်းလိတ်သီချင်းလေးတွေကို ဆရာတို့တက္ကသိုလ်ကျောင်းသားဘ၀တုန်းကလဲ သူတို့တွေ စိုင်းထီးဆိုင်သီချင်းတွေက အများကြီးထွက်တယ်လေ။ အများကြီးထွက်တော့ ဆရာတို့ဆိုရင် မြေနီကုန်းက ပဒုမ္မာကွင်းကြီးထဲမှာ စိုင်းထီးဆိုင် Show က တကယ့်အကြီးကြီးပဲ ပွင့်သွားတာလေ။ ရုံတွေဘာတွေပွင့်။ ဆရာတို့ဆို ခဲတွေနဲ့ပေါက် ဘာတွေနဲ့ပေါက် ကြားထဲမှာ ကုလားထိုင်တွေခေါင်းပေါ်မှာတင်ပြီးတော့ သီချင်းနားထောင်တာ။ အဲ့ဒီမှာ အပေးအယူတို့ နွေနံနက်ခင်းသီချင်းတွေ စီးရီးမထွက်တဲ့သီချင်းတွေ။ စီးရီးထွက်ပြီးသား မောင့်လပြည့်ဝန်းတို့ ဘာတို့က ဆရာတို့ကြိုက်ပြီးသား။ ဒါခုနက စိတ္တဇအလွမ်းတွေ ဘာတွေ နွေဥသြ၊အချစ်ဆိုတဲ့အရသာ ဒါတွေကကြိုက်ခဲ့ပြီးသား။ အဲ့ဒီမှာ စီးရီးမထွက်ရသေးတဲ့ သီချင်းတွေဆိုတာ။ ဆရာဆိုင်းခမ်းလိတ်ကို ကြိုက်တယ်ပေါ့နော်။ ကြိုက်တော့ သူ့သီချင်းတွေလည်း တော်တော်များများရတယ်။ နောက်သူရဲ့အရေးအဖွဲ့တွေလည်း သဘောကျတယ်။ အလင်္ကာတွေ၊ ဂုဏ်တွေ၊ ရသတွေ ပြည့်စုံတယ်ပေါ့နော်။ ပြည့်စုံတော့ ဆရာကိုယ်တိုင် အားကျတယ် အတုယူတယ်ပေါ့။ အဲ့လိုနဲ့ ရှေ့တန်းရောက်တဲ့အခါကြတော့ ရဲဘော်ဘ၀ရောက် ရဲဘော်တွေနဲ့ အတူတူနေရတာပေါ့နော်။ ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဘော်တွေနဲ့ အတူတူနေကြတဲ့အခါကြတော့ ဆရာစိုင်းခမ်းလိတ်သီချင်းလေးကို အဲ့ဒီမှာ ကျန်တဲ့သီချင်းတွေကတော့ ရဲဘော်တွေဘ၀နဲ့ သိပ်မသက်ဆိုင်တော့ အဲ့ဆရာစိုင်းခမ်းလိတ်သီချင်းလေး တစ်ခုသောသီချင်းလေးကတော့ သက်ဆိုင်တာပေါ့နော်။ မင်းခယောင်္ကျားပေါ့။ စစ်သားသီချင်းလေးပါပဲ။ ဒါပေမဲ့ ဒီသီချင်းလေးကို ဘာကြောင့်ကြိုက်လဲဆိုတော့ စိုင်းဆိုင်မောဝ်တို့ဘာတို့ က တောင်ပြာတန်းသိတယ်နဲ့ ဒါတော့ ဒဲ့ပေါ့။ ဒဲ့ကြီးခံစားတာပေါ့။ ဆရာဆိုင်းခမ်းလိတ်ကျတော့ ရာဇ၀င်လေးနဲ့ အစားထိုးပြီး ခံစားခိုင်းတာ။ အဲ့မှာ သူက ရွှေဗဟိုစည်သံမကြားရတဲ့အဝေးမှာ တာဝန်လည်ကာ စစ်ကြောင်းထွက်နေရပါတယ်၊ ပြည်တော်မပြန်နိုင်တဲ့ မင်းခယောင်္ကျား ကိုယ်ရယ်ပါကိုယ်ရယ်ပါ ပေါ့နော်။ အဲ့ဒီအချိန်မှာ ဆရာတို့ကလဲ တောထဲမှာစခန်းထိုင်တော့ ညညဆိုရင်ဆရာက ဂစ်တာလေးတစ်လုံးနဲ့ ရဲဘော်တွေပါ၊ ကင်းရဲဘော်တွေကလွဲလို့ ကျန်တဲ့လူတွေ ဆရာ့တဲလေးထဲမှာစုပြီးတော့ ဆရာဖျော်ဖြေတာပေါ့နော်။ ရဲဘော်တွေလည်း စိတ်ရွှင်လန်းအားရအောင်။ အဲ့ဒီမှာဆရာက ဒီမင်းခယောင်္ကျား သီချင်းလေး ဖျော်ဖြေတယ်။ အဲ့တော့ ဆရာတို့ အဲ့ဒီအချိန်မှာ ရောက်နေတဲ့နေရာကလဲ တောတောင်ပတ်ဝန်းကျင်နော်။ ဘယ်ဆီကိုမျှော်မှန်းပြီးလွမ်းရပနေရောင်မမြင်တဲ့ ရိပ်ကြီးတောတောင်ကြား တော်ရာမှာမပျော်သာတဲ့ မင်းခယောင်္ကျား။ သူကပျော်ရာမှာ မနေရ တော်ရာမှာနေရ။ ဒါပေမဲ့ တော်ရာမှာတော့နေတယ်။ ဒါပေမဲ့ ပျော်လားဆိုတော့ မပျော်ဘူး။ စစ်သားဆိုတာကလဲ နှလုံးသားတွေက နူးညံ့တယ်။ လူသားတွေကိုး။ လူသားတွေဆိုတော့ သူတို့ရဲ့ အိမ်လွမ်းစိတ်ရှိမယ်။ မိခင်ကိုလွမ်းမယ်။ မောင်နှမကိုလွမ်းမယ်။ ညီအစ်ကိုမောင်နှမပေါ့။ ဆရာတို့လည်း လွမ်းခဲ့ရတာပေါ့နော်။ ချစ်သူ၊ရည်းစားကို လွမ်းမယ်။ ကိုယ့်ရဲ့နီးမယားကို လွမ်းမှာပေါ့။ အဲ့ဒီ လွမ်းတဲ့လွမ်းခံလေးတွေရှိတာပေါ့။ အဲ့ဒီအလွမ်းခံလေးတွေကို ဆရာက ဒီမင်းခယောင်္ကျား ကိုယ်တိုင်တီးပြီးဆိုပြလိုက်လို့ရှိရင် အဲ့ဒီကရဲဘော်တွေက မျက်ရည်တွေဘာတွေလည်ပေါ့။ လည်ပြီးတာနဲ့ ဆရာက ဟာ..မဖြစ်သေးဘူး ဒီကောင်တွေသိပ်လွမ်းသွားလို့ရှိရင် ကင်းမစောင့်ပဲ နေလိမ့်မယ်။ အဲ့တော့ မင်းတို့ပြီးရင် ကင်းသွားစောင့်။ အဲ့ဒီတော့ မင်းတို့အလွမ်းဓာတ်တွေ ပြန်ပျောက်အောင်ဆိုပြီးတော့ အဲ့ဒီမှာ စစ်သီချင်းလေးဘာလေးပြန်ဆို လုပ်ပေးလိုက်တော့မှ သူတို့ အားမာန်တွေ ပြန်သွင်းပေးရတာပေါ့နော်။ ဒါပေမဲ့ အဲ့ဒီသီချင်းလေးကတော့ စာကားလုံးအားလဲကောင်းတယ်။ နောက် အဲ့သီချင်းထဲမှာပေါ့နော်။ မင်းသမီးလေးကတော့ တခါထဲနေပြည်တော်မှာ မြင်းယာဉ်ကလေးနဲ့ပေါ့။ ညလေညင်းလေးခံပြီးတော့ အဖော်အပေါင်းနဲ့ထွက်ကစားတဲ့အခိုက်မှာ ကိုယ့်ရွှေမင်းသမီးလေး ယောင်လို့တောင်မှ၊ အဲ့ဒီယောင်လို့တောင်ဆိုတဲ့စကားလုံး သိပ်ကြိုက်တာ။ စကားလုံးလေးကိုပေါ့နော်။ ယောင်လို့တောင်မှ အဝေးယောက်တစ်ယောက်သောသူကိုသတိရပါ့မလား တခါတလေတော့လည်း ၀မ်းတော့နည်းမိသား မမြင်တာကြာလို့မေ့များသွားပြီလားပေါ့နော်။ အဲ့ဒီထဲမှာလည်း မင်းသမီးလေးနေရာမှာ ကိုယ်စိတ်ကူးယဉ်ထားတဲ့ကိုယ့်ချစ်သူကိုပဲ ပုံရိပ်ထည့်ပြီးတော့ မှန်းပြီးတော့ ဆိုခဲ့တာပေါ့နော်။ ဆိုခဲ့ပြီးတော့ သူတို့လွမ်းသလို ကိုယ်လည်းလွမ်းပေါ့။ ဒါပေမဲ့ မဖြစ်ဘူး။ လွမ်းနေလို့လည်း မဖြစ်ဘူးး။ တော်တော်ကြာ ရန်သူတွေကြားထဲမှာနေရတာ သတိကောင်းဖို့လိုတယ်။ အဲ့သတိတမံ၊ ဥာဏ်မြေကတုတ်ပေါ့နော်။ အဲ့ဒါနဲ့ အားမာန်ဖြစ်တဲ့သီချင်းတွေ ပြန်ဆိုပြီးတော့ သူတို့ကိုဖြေသိမ့်ရတာပေါ့နော်။ အဲ့ဒါကတော့ ကရုဏာရသလေးပေါ့။ ကရုဏာရသလေးဆိုတော့ ခုနကသုံးရာသီတုန်းက သဃာရရသလေးတွေ။ ကိုကိုစိတ်ကူးယဉ်တုန်းက ဟာသရသလေးတွေ။ အခုတော့ ကရုဏာရသလေး ခံစားကြည့်ကြတာပေါ့နော်။
ဟုတ်ကဲ့ပါဆရာ။ ဒါဆိုလို့ရှိရင် ဆရာနဲ့အတူတူ အဲ့ဒီအချိန်တုန်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်တွေလည်း ဒီအစီအစဉ်လေးကို နားထောင်မိလို့ရှိရင် ပြန်ပြီးတော့ အလွမ်းပြေသွားမှာပါဆရာ။
အလွမ်းပြေမှာပါ။ သူတို့တွေလည်း ပြန်ပြီးတော့ အမှတ်ရကြမှာပါ။
စိုင်းထီးဆိုင် - မင်းခယောက်ျား