• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဆရာက သီချင်းတွေရေးခဲ့တာလေ ဘယ်နှစ်ခွေလောက်များ ရေးဖြစ်သေးလဲမသိဘူး။ နောက်ပြီး ဘယ်သီချင်းတွေ၊ ဘယ်အခွေတွေကို ပိုပြီးတော့ အားရခဲ့လဲ။
သီချင်းက ၁၅ ခွေလောက်ရှိမယ်ထင်တယ်။ သီချင်းတွေက အဆိပ်သင့်လူကတော့ အပေါက်ဆုံးပေါ့နော်။ အဲ့နောက်ပိုင်းထွက်တာကတော့ အမြတ်နိုးဆုံးနှင်း၊ နောက်အက်ဆစ်မိုးစက်များ အဲ့သီချင်းတွေလည်း အားရတယ်။ အမြတ်နိုးဆုံးနှင်းကတော့ ဒါရိုက်တာသန့်မောင်မောင်တောင်မှ ခေါင်းစဉ်ယူပြီတာ့ ရုပ်ရှင်ရိုက်ပါသေးတယ်။ နောက်ပိုင်းကျတော့ မဟာပေါ့နော်။ နောက်ဆုံးရေးတော့ သီချင်းလောကကို နှုတ်ဆက်ခဲ့တဲ့သီချင်းကတော့ ငြိမ်းချမ်းရေးပန်းခင်းပေါ့။ ထာဝရငြိမ်းချမ်းရေးနဲ့ စပြီးတော့ ငြိမ်းချမ်းရေးပန်းခင်းနဲ့ ဆုံးတာပေါ့။ ငြိမ်းချမ်းရေးနဲ့စပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပြန်ဆုံးတာပေါ့။
အဲ့ဒါဆိုရင် အခုသမီးတို့ ဒီအစီအစဉ်မှာပေါ့နော်။ လွှင့်ပေးဖို့အတွက် သီချင်းလေးတစ်ပုဒ်လောက် ရွေးပေးပါအုံး။
ခုနကနားထောင်ခဲ့တဲ့ သီချင်းလေးမှာ သဘာဝရဲ့ရင်သွေးငယ်တွေ ဒါလေးကလည်း ပါပီမဇာတ်ကားမှာ ဇာတ်ဝင်သီချင်းအနေနဲ့ သုံးတယ်ပေါ့။ အဲ့သီချင်းလေးကလည်းအခု သီချင်းမရေးခင်ဘ၀ကတည်းကကြိုက်ခဲ့တာပေါ့နော်။ ဘာကိုကြိုက်လဲဆိုတော့ လူတွေနဲ့ ဝေးဝေးတဲ့နယ်မြေ ဒီကမ္ဘာစစ် စစ်မဖြစ်ရာမြေ အဲ့ဒီစကားထစ်သလိုမျိုးလေး လုပ်ပြီးတော့ စကားထစ်သလိုမျိုးလေးနဲ့ melody ကိုဆောက်သွားပြီးတော့ ရေးသွားတာပေါ့နော်။ ရေးသွားတော့ ဆရာစိတ်ထဲမှာဘာကိုသွားငြိနေလဲဆိုတော့ အဲ့ဒီ စစ် စစ်မဖြစ်ရာမြေပေါ့နော်။ ကိုယ်ကိုတိုင်စစ်သားဘ၀ရောက်တဲ့အခါကျတော့ ဒီစစ်မဖြစ်တဲ့မြေဟာ တို့တိုင်းပြည်ဖြစ်ရင် ဘယ်လောက်ကောင်းမလဲပေါ့နော်။ ဒါစေတနာပေါ့။ စာရေးသူရဲ့ စေတနာပေါ့။
စိုင်းထီးဆိုင် - သဘာဝရဲ့ရင်သွေးငယ်တွေ