• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာလောကနဲ့ အဆက်ပြတ်နေပေမယ့် အနုပညာသံယောဇဉ်မကုန်နိုင်သေးဘဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်တတ်တဲ့၊ ကြည်ပြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေရဲ့ အကြင်နာ၊ ကရုဏာကို အခိုင်အမာရရှိခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးမှာပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီမေ၀င်းမောင်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
နာမည်ပေးတာလေးက နည်းနည်းလေးဆန်းတယ်နော်။ ဘယ်လိုအဓိပ္ပါယ်မျိုးလေးတွေနဲ့ ပေးထားတာလည်းမသိဘူး။
သမီးလေးကို ပေးတုန်းကတော့ သန္ဒီဆိုတဲ့ စာလုံးလေးကိုသဘောကျတာပါ။ သန္ဒီဆိုတာက မြန်မာနာမည်လေးနဲ့လည်းဆင်တယ်။ ပြီးတော့ သူက African စာလုံးလေးပါ။ အဓိပ္ပါယ်က true love လို့အဓိပ္ပါယ်ရှိပါတယ်။ အဲ့ဒီသန္ဒီလေးကို ကြိုက်ရာကနေပြီး ရွေးလိုက်တော့ သူရဲ့ first name အနေနဲ့ သန္ဒီလေးကိုရွေးလိုက်ရာကနေ ကိုသက်ဝင်းက အမရဲ့ပထမဆုံးစာလုံးဖြစ်တဲ့ မေ ဆိုတဲ့စာလုံးလေးကို သမီးလေးကိုထည့်ပေးချင်ပါတယ်ဆိုတော့ မေ ကိုပေါင်းလိုက်ပြီးတော့ သူ့ရဲ့ပထမနာမည်က မေသန္ဒီ ရယ်လို့ဖြစ်သွားပါတယ်။ နောက်ဆုံးနာမည်ကတော့ အဖေနာမည် ၀င်းပေါ့နော်။ နောက်ပြီးကျတော့ န၀ရတ်ဆိုတာကို middle name အနေနဲ့ ထည့်ထားတာပါ။ သားလေးကျတော့လည်း သိင်္ဂါဆိုတာ နည်းနည်းပျော့နေမလားဆိုပြီး သူရသတ္တိနဲ့ပြည့်စုံစေချင်တဲ့အတွက် သူရဆိုတာကို ထည့်ပေးထားတာပါ။ အဲ့တော့သူ့ရဲ့နာမည်က သိင်္ဂါမောင်သူရ၀င်းရယ်လို့ ဖြစ်သွားပါတယ်။
ဒီ Popularís Choice ပရိတ်သတ်တွေအတွက် အမရဲ့မြန်မာပြည်ရောက်တုန်းမှာ အမှတ်တရ စကားလေးကိုလည်း ပြောပြပေးပါအုံး။
အခုချိန်မှာ အခြေအနေအရပ်ရပ်ကြောင့် ဒီမှာမရှိဘဲနဲ့ အဝေးကိုသွားနေရပေမယ့် မကြာခဏဆိုသလိုပဲ သရုပ်ဆောင်ဘ၀ကို ပြန်ပြီးတော့လွမ်းလေ့ရှိပါတယ်။ သရုပ်ဆောင်ဘ၀ကိုလွမ်းတဲ့အခါမှာလည်း ပရိတ်သတ်တွေလည်း ပါတာပေါ့နော်။ ပြီးတော့လည်း ဒီကိုခဏတဖြုတ်ပြန်လာတဲ့အခါမှာ ပရိတ်သတ်တွေကအမြဲတမ်းပဲ လှိုက်လှိုက်လှဲလှဲနဲ့ ချစ်ခင်နေကြဆဲ၊ နှုတ်ဆက်ကြတယ်။ အားပေးကြတယ်ဆိုတဲ့စကားတွေ။ ရုပ်ရှင်မရိုက်တော့ဘူးလား မေးကြတာတွေကို တွေ့ရတဲ့အခါမှာလည်း အများကြီးပဲ ၀မ်းသာပီတိဖြစ်မိပါတယ်။ အဲ့တော့အခုချိန်မှာတော့ သူတို့နဲ့ဝေးကွာပြီးတော့ သူတို့အတွက် အနုပညာလုပ်ငန်းလေးတွေ မဖန်တီးနိုင်သေးပေမယ့် တစ်ချိန်ချိန်မှာ အခွင့်သင့်ရင်တော့သူတို့တစ်တွေလည်း ကျေနပ်ရအောင် အနုပညာသရုပ်ဆောင်မှုလေးတွေကို လုပ်ဖြစ်ရင်လည်း လုပ်ဖြစ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။
အခုလိုမျိုး ညီမတို့ Popularís Choice အစီအစဉ်အတွက် မအားတဲ့ကြားထဲကနေပြီးတော့ အချိန်ပေးပြီးတော့လာပြီးတော့ ဖြေကြားပေးတဲ့အတွက် မမေ၀င်းမောင်ကို ညီမတို့ Popularís Choice အဖွဲ့သားတွေအကုန်လုံးက ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
ဟုတ်ကဲ့ ကျွန်မ ကိုအခုလိုတကူးတကနဲ့ ဆက်သွယ်ပြီးတော့ ဒီ program ပြောဖို့လာပြီး ဖိတ်ခေါ်တဲ့အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်။