• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာလောကနဲ့ အဆက်ပြတ်နေပေမယ့် အနုပညာသံယောဇဉ်မကုန်နိုင်သေးဘဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်တတ်တဲ့၊ ကြည်ပြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေရဲ့ အကြင်နာ၊ ကရုဏာကို အခိုင်အမာရရှိခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးမှာပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီမေ၀င်းမောင်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ပိတောက်ရိပ်ဝယ်ဆိုတဲ့ သီချင်းလေးတော့ နားထောင်ပြီးသွားပြီ။ နောက်ထပ်တစ်ပုဒ်ကိုရော ဘယ်သီချင်းလေးရွေးမလဲဟင်။
ကိုဂျေမောင်မောင်ရဲ့ အချစ်ရေ ဆိုတဲ့သီချင်းလေးရွေးထားပါတယ်။
ဒါကလည်း album title ကလည်း အချစ်ရေပဲနော်။ အဲ့သီချင်းလေးကိုရော အမ ဘာဖြစ်လို့ရွေးပေးတာလဲ။
အဲ့သီချင်းကလေ သူ့က version နှစ်မျိုးပါတယ်။ အနှေးလေးရယ် အမြန်လေးရယ်ပေါ့နော်။ အမ ရွေးထားတာကတော့ အနှေးလေးပါ။ ရွေးရတဲ့အကြောင်းကတော့ သူရဲ့အလိုက်ကလေးကလည်း ချိုတယ်လေ။ ချိုပြီးအေးအေးလေးဖြစ်တယ်။ ပြီးတော့စာသားလေးကလည်း သူက သူ့ရဲ့ချစ်သူလေးကို ပြောတဲ့စကားလေးတွေပေါ့နော်။ အဲ့စကားလေးတွေကလည်း အဓိပ္ပါယ်ရှိပြီးတော့ ကြိုက်နှစ်သက်တယ်ပေါ့နော်။ စိတ်ထဲမှာ ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကိုလာပြောနေသလိုလို စိတ်ကူးလေးယဉ်ပြီး နားထောင်လို့လည်းရတယ်။ ပြီးတော့ မြန်မာမိန်းကလေးတိုင်းကြိုက်တဲ့ သနပ်ခါးလေးအကြောင်းပေါ့နော်။ သနပ်ခါးနံလေးနဲ့ သနပ်ခါးလေးလိမ်းပြီး သူ့အကြောင်းလေး စဉ်းစားနေပါဆိုတာလေးက romantic ပေါ့နော်။ ပြီးတော့စိတ်ထဲမှာ သနပ်ခါးနံလေးတောင် ရလာသလိုပဲ ဒီသီချင်းလေးကို နားထောင်လိုက်ရင်လေ။ ဆိုတော့ အဲ့သီချင်းလေးကို ကြိုက်နှစ်သက်ခဲ့ပါတယ်။
ဒီသီချင်းလေးကိုရော အမ ဘယ်အချိန်မှာစပြီးတော့ နားထောင်ဖြစ်သွားတာလဲ။
အချိန်က ၈၄၊ ၈၅ လောက်လို့ထင်ပါတယ်။ ထွက်တဲ့အချိန်က
အဲ့အချိန်ကတည်းကပဲ အမက ကြိုက်ခဲ့တာပေါ့
ဟုတ်ပါတယ်။ အဲ့ဒီအခွေ ကိုယ်ပိုင်ရှိခဲ့ပါတယ်။ ရှိခဲ့ပြီးတော့ အဲ့အခွေလေးကို အိမ်မှာအမြဲ နားထောင်ရာကနေ ဒီအနှေးပုံစံလေးကို ပိုကြိုက်ပါတယ်။ ဆိုတော့ အဲ့ဒီတုန်းကတည်းက ကြိုက်ခဲ့တာပါ။
ဒါဆိုလို့ရှိရင် ဒီအစီအစဉ်အတွက် ဒုတိယမြောက်သီချင်းလေးကိုလည်း ညီမတို့ဖွင့်ပြပေးလိုက်မယ်နော်
ဂျေမောင်မောင် - အချစ်ရေ