• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာလောကနဲ့ အဆက်ပြတ်နေပေမယ့် အနုပညာသံယောဇဉ်မကုန်နိုင်သေးဘဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်တတ်တဲ့၊ ကြည်ပြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေရဲ့ အကြင်နာ၊ ကရုဏာကို အခိုင်အမာရရှိခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးမှာပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီမေ၀င်းမောင်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
အခု တတိယတစ်ပုဒ်လေးကိုရော အမ
တိမ်တမန်ဆိုတဲ့သီချင်းလေးကို ရွေးထားပါတယ်။ စန္ဒရားဦးလှထွတ်ရဲ့ သီချင်းလေးပါ
ဒီသီချင်းလေးရဲ့ အဓိပ္ပါယ်ကလည်း အဓိပ္ပါယ်လည်းရှိတယ်။ စာသားလေးတွေကလည်း အရမ်းလေးနက်တယ်နော်။ အမ ကရော ဘယ်လိုခံစားချက်မျိုးနဲ့ ကြိုက်တာလဲ။
ဟုတ်ပါတယ်။ ဒီသီချင်းက သီချင်းအလိုက်ကလေးကလည်း တအားမှကိုပဲ မြန်မာဆန်ပါတယ်။ ဆိုတော့ ကျွန်မတို့လို မြန်မာပြည်ကနေ ဝေးကွာနေတဲ့လူတွေ အနေနဲ့ ဒီလိုမြန်မာဆန်တဲ့ သီချင်းလေးတွေကို ကြားလိုက်ရင် ကိုယ့်မိခင်တိုင်းပြည်ကို အရမ်းပဲလွမ်းစွတ်တဲ့ စိတ်တွေဖြစ်ပါတယ်။ ပြီးတော့လည်း ဒီစပ်ထားတဲ့အထဲမှာလည်း စာသားလေးတွေ အင်မတန်လှပပါတယ်။ တိမ်တွေကိုပဲ ကိုယ့်ရဲ့မိတ်ဆွေအနေနဲ့ တင်စားဖွဲ့ဆိုထားတယ်။ ပြီးတော့ တိမ်တွေကနေပြီးတော့ ရေငွေ့လေးတွေကို သယ်ဆောင်လာပြီးတော့ မြန်မာပြည်ထဲမှာ ရွာချလိုက်တာကို ပုလဲပန်းလေးတွေကဲ့သို့ဆိုပြီး မိုးရေစက်ကလေးတွေကို ဖွဲ့နွဲ့ထားတာလေးတွေက အင်မတန်လှပါတယ်။ ပြီးတော့လည်း ပုလဲကုံးရွဲအလှ အဲ့လိုစာသားလေးတွေနဲ့ဆိုတော့ စာသားလေးတွေကလည်း အင်မတန်လှတယ်။ ပြီးတော့ အမတို့ရဲ့တိုင်းပြည်က စိုက်ပျိုးရေးနိုင်ငံဆိုတော့ စိုက်ပျိုးရေးနိုင်ငံမှာ ဆန်ရေစပါးတွေ တိုးပွားဖို့အတွက်က ဒီမိုးကမရှိမဖြစ်တဲ့ အရာတစ်ခုပါ။ အဲ့တော့ ဒီမိုးတွေကို ရွာစေတဲ့ တိမ်တွေကို မိတ်ဆွေတမန်အနေနဲ့ ဖွဲ့နွဲ့ပြီးတော့ဆိုထားတဲ့ ဖွဲ့ဆိုချက်ကလေးကလည်း အရမ်းလှပတဲ့အတွက် ကြိုက်နှစ်သက်ပါတယ်။ ကိုယ့်တိုင်းပြည်ကိုလည်း ပိုလွမ်းစေတယ်ပေါ့လေ။ ဒီသီချင်းလေးကို အရမ်းကိုပဲနှစ်သက်ပါတယ်။
ဒါဆိုလို့ရှိရင် အမ ဒီမြန်မာပြည်ကို သတိရတဲ့အချိန်တိုင်းမှာ အမြဲတမ်းနားထောင် ဖြစ်နေတဲ့သီချင်းလေးပေါ့နော်။
စန္ဒရားလှထွတ် - တိမ်တမန်