• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာလောကနဲ့ အဆက်ပြတ်နေပေမယ့် အနုပညာသံယောဇဉ်မကုန်နိုင်သေးဘဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်တတ်တဲ့၊ ကြည်ပြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေရဲ့ အကြင်နာ၊ ကရုဏာကို အခိုင်အမာရရှိခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးမှာပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီမေ၀င်းမောင်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဒါဆိုရင် ပထမဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားလေးကို မှတ်မိအုံးမလားဟင်။
ပထမဆုံး ရိုက်တဲ့ကားက သုခုမရုပ်ရှင်ကရိုက်တဲ့ လှချင်ရက်စက်စက်ယို လို့အမည်ရပါတယ်။ ဒါရိုက်တာက ရှုမ၀ဦးချစ်စိန်ပါ။ ကိုကျော်ဟိန်း၊ ဝေသာလီမောင်ဖုန်း၊ ဒေါ်စိန်ခင်ရယ် ဦးချီးဗူးရယ် ပါပါတယ်။ ဦးအံကျော်လည်း ပါပါတယ်။
ဒါဆိုရင် အမ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားအရေအတွက်ဆိုရင် အားလုံးပေါင်း ဘယ်လောက်ရှိသွားပြီလဲ
၆၀ ကျော်လောက်ရှိပါတယ်။
အဲ့ဒီအထဲကမှ သဘောအကျဆုံး၊ ကိုယ်သရုပ်ဆောင်တာ အားအရဆုံးဆိုရင်ကော
အမကတော့ စာရေးဆရာ၊ ဒါရိုက်တာ အကယ်ဒမီကိုဝဏ္ဏရိုက်တဲ့ ချစ်တဲ့သူငယ်လေး ဆိုတဲ့ကားလေးကို တော်တော်လေးနှစ်သက်ခဲ့ပါတယ်။ အဲ့ကားလေးက ကိုဝဏ္ဏပဲရေးတဲ့ ၀တ္ထုလေးကို ပြန်ပြီးတော့ ရိုက်တာပါ။ သူရဲ့ညီတစ်ဦးဖြစ်တဲ့ မောင်ရူပ မင်းသားအနေနဲ့ သရုပ်ဆောင်ပါတယ်။ မန္တလေးမှာသွားရိုက်ကြတာပါ တစ်လလောက်ကြာပါတယ်။
အမ ကိုလေ သမီးတို့ရဲ့အဖေအမေတွေဆိုရင် မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ကောင်မလေးဆိုပြီးတော့ သတိထားမိသွားတာလေ။ အဲ့လိုမျိုးပဲ တခြားပရိတ်သတ်တွေပေါ့။ သူတို့တွေကရော အမကိုဘယ်အချိန်မှာစပြီးတော့ သတိထားမိသွားတာလဲဟင်။
အမ ထင်တာကတော့ ပထမဆုံးကား လှချင်ရဲ့ စက်စက်ယိုပေါ့နော်။ အဲ့တုန်းကတော့ သိသလောက်တော့ နည်းနည်းပါးပါးပေါ့လေ သိသလောက်လဲ သိကြမှာပေါ့။ ပြီးတဲ့အခါကျတော့ ဒုတိယအနေနဲ့ လူတွေသတိထားမိလာတာကတော့ အမထင်တာ စိန်သို့မဟုတ် စိန်ထင်ပါတယ်။ ဒီကားက စာရေးဆရာအောင်လင်းရဲ့ ၀တ္ထုပါ။ ၀တ္ထုအနေနဲ့လည်း အင်မတန်နာမည်ကြီးခဲ့ပါတယ်။ ပြီးတော့ အဲ့ဟာက သရုပ်ဆောင်၊ ဒါရိုက်တာဦးကျော်ဟိန်းရဲ့ ပထမဆုံးဒါရိုက်တာအနေနဲ့ တင်ဆက်တဲ့ကားဖြစ်ပါတယ်။ ဖြစ်တော့ ဦးကျော်ဟိန်းကလည်း အတော်လေးကို ကြိုးစားပြီးတော့ရိုက်ကူးခဲ့တယ်။ ကြော်ငြာအားကောင်းကောင်းနဲ့ ကြော်ငြာခဲ့တယ်။ ပရိတ်သတ်စိတ်ဝင်စားမှုလည်း အတော်လေးရခဲ့ပါတယ်။ ပြီးတော့ရုံတင်တော့လည်း ပရိတ်သတ်နှစ်ခြိုက်အားပေးမှု ခံခဲ့ရပါတယ်။ အဲ့မှာလည်း အမကိုလူတွေစပြီးတော့ သတိထားမိလာကြမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်းကလေးမှာ နှစ်ယောက်တည်း ဆိုတဲ့ကား ရုံတင်တော့လည်း သူက ဇာတ်လမ်းလေးကလည်း ကျွန်းကလေးမှာသွားပြီးတော့ရိုက်ခဲ့ရတာဆိုတော့ ဇာတ်လမ်းလေးကနည်းနည်းဆန်းတယ်ပေါ့။ အဲ့ဒီကားမှာလည်း ပရိတ်သတ်ကကြိုက်တဲ့အကြောင်း တော်တော်လေးပြောခဲ့ကြပါတယ်။ အဲ့လို့တွေလို့ ထင်ပါတယ်။ ပြီးတော့လည်း အမ ခုနပြောတဲ့ပြက္ခဒိန်တွေလည်း ရိုက်ခဲ့တော့ တွေ့ကြမှာပေါ့လေ။ အဲ့လိုထင်တာပါပဲ။