• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာလောကနဲ့ အဆက်ပြတ်နေပေမယ့် အနုပညာသံယောဇဉ်မကုန်နိုင်သေးဘဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်တတ်တဲ့၊ ကြည်ပြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေရဲ့ အကြင်နာ၊ ကရုဏာကို အခိုင်အမာရရှိခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးမှာပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီမေ၀င်းမောင်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ပြီးတော့လေ သရုပ်ဆောင်အလုပ်ပေါ့နော်။ စစချင်းလုပ်ဖြစ်တာ ဘယ်နှစ်ခုလောက်ကလဲ။ အမ အသက်ဘယ်အရွယ်လောက် ဖြစ်မလဲ။
၁၉၂၂ ခုနှစ်လောက်ကပါ။ ၁၆ နှစ်လောက်ကပါ။
အမရေ ဘယ်သီချင်းလေးကို ဖွင့်ပြအုံးမလဲ။
မောင့်လပြည့်ဝန်းဆိုတဲ့ သီချင်းလေးကိုရွေးထားပါတယ်။
အမ ဒီသီချင်းကိုလည်း ညီမတို့ Popularís Choice အစီအစဉ်မှာလေ အနုပညာရှင်အတော်များများက ရွေးပေးကြတယ်အမ။ အဲ့လိုရွေးပေးတဲ့အခါမှာလည်း ခံစားချက်တွေက အမျိုးမျိုးပဲလေ။ အမ ရဲ့ခံစားချက်ကရော
ပြောရမယ်ဆိုရင် ကိုစိုင်းထီးဆိုင်က အမရဲ့ အကြိုက်နှစ်သက်ဆုံး တေးသံရှင်ထဲက တစ်ယောက်ပါပဲ။ တောက်လျှောက်ကြိုက်ခဲ့တာပါ။ အမ သူကွယ်လွန်သွားတဲ့အချိန်အထိပဲ ဆိုပါတော့။ ၁ အချက်တော့ အဲ့တာပေါ့နော်။ ကိုစိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ပြီးတော့ အဲ့သီချင်းတွေထဲက မောင့်လပြည့်ဝန်းဆိုတဲ့သီချင်းလေးကလည်း တော်တော်လေးနှစ်သက်ခဲ့ပါတယ်။ တေးသွားလေးကလည်း ကိုထီးဆိုင်ရဲ့အသံနဲ့လည်း အင်မတန်လိုက်လျောပြီးတော့ စာသားရဲ့အဓိပ္ပါယ်လေးကလည်း အင်မတန်နက်နဲပြီးတော့ အဓိပ္ပါယ်ရှိပါတယ်။ သူက သူ့ရဲ့ချစ်သူလေးကို လမိုက်ညနဲ့တင်စားပြီးတော့ ဆိုထားပါတယ်။ လကွယ်ညမှာ လမင်းကြီးကို မတွေ့ရသလိုပဲ သူ့ရဲ့ချစ်သူဟာလည်း အခုသူ့ရဲ့မလှပတဲ့ဘ၀ကို စွန့်ပြီးတော့မရှိတော့ဘူး။ သူ့ချစ်သူကို မတွေ့ရတော့ဘူးပေါ့။ အဲ့လိုတင်စားပြီးတော့ စပ်ဆိုထားတာ အင်မတန်ပဲရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့လည်း ခံစားရပါတယ်။
ဒီသီချင်းထဲမှာလည်း ဦးထီးဆိုင်ဆိုထားတာ ရှိုက်သံလေးတွေနဲ့ ဆိုထားတာပါ။
ဟုတ်ပါတယ်။ သူကလည်းအင်မတန်အဆိုကောင်းတဲ့သူ တစ်ယောက်ပါ။ သူ့အသံလေးကိုလည်း ကြိုက်နှစ်သက်ပြီး သူရဲ့ဆိုဟန်လေးတွေကလည်း ကြိုက်နှစ်သက်ပြီးသားမှာမှ သီချင်းထဲမှာ သူဆိုထားတာကလည်း အတော်လေးကောင်းပါတယ်။
ဒီထဲမှာ အမ အကြိုက်ဆုံးစာသားလေးတွေရှိရင် ပြောပြပေးပါလား။
ချစ်၍ စွန့်သွားတဲ့မင်းကို စွန့်၍ ချစ်သွားမယ်လေဆိုတဲ့စာသားလေးပါ။
စိုင်းထီးဆိုင် - မောင့်လပြည့်ဝန်း