• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာလောကနဲ့ အဆက်ပြတ်နေပေမယ့် အနုပညာသံယောဇဉ်မကုန်နိုင်သေးဘဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်တတ်တဲ့၊ ကြည်ပြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေရဲ့ အကြင်နာ၊ ကရုဏာကို အခိုင်အမာရရှိခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးမှာပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီမေ၀င်းမောင်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
မောင့်လပြည့်ဝန်းဆိုတဲ့သီချင်းလေးတော့ ပြီးသွားပြီ နောက်ထပ်တစ်ပုဒ်ကျတော့
နောက်တစ်ပုဒ်ကတော့ အင်္ဂလိပ်သီချင်းလေးတစ်ပုဒ်ကို ရွေးထားတယ်။ အဲ့သီချင်းလေးကလေ ColdPlay ရဲ့ Viva la vida ဆိုတဲ့သီချင်းလေးကို ရွေးထားပါတယ်။
ဒီသီချင်းကအခု Grammy ဆုရသွားတဲ့သီချင်းနော်။ အမ ရွေးပေးရတဲ့ အကြောင်းရင်းလေးလည်း နည်းနည်းလောက်ပြောပြပေးပါအုံး။
သူတို့ British က band ပါ။ လူငယ်တွေပဲပေါ့။ အမတို့ထက်တော့ လူငယ်ပေါ့လေ။ အကြောင်းရင်းက သူတို့တစ်တွေ ဒီ Viva la vida သီချင်းကို ပထမဆုံးစနားထောင်ဖူးတာက သူတို့ TV မှာ perform လုပ်တာကိုတွေ့လိုက်တာပါ။ သူတို့ဆိုတာကို ပထမဆုံးကြားဖူးကတည်းက စိတ်ထဲမှာသဘောကျလိုက်မိတယ်။ အလိုက်ကလေးကလည်း မြူးမြူးလေးနဲ့ ပြီးတော့နောက်ပိုင်းကျတော့ ဒီသီချင်းကတော်တော်လေးကို Popular ဖြစ်လာပါတယ်။ ဖြစ်လာပြီးတော့ စာသားလေးတွေကို လေ့လာလိုက်တဲ့အခါကျတော့လည်း စာသားက ဒီလောကဓံတရားနဲ့ ပတ်သက်ပြီးတော့ သူတို့ရေးထားတာ ပြီးတော့ဒီအဖွဲ့က တခြားသူတွေနဲ့ မတူတာတစ်ခုက သူတို့ရဲ့သီချင်းတွေကို သူတို့ကကားကြော်ငြာတို့၊ ဘာတို့ အဲ့လိုနေရာမျိုးတွေမှာ မသုံးဘူး။ အဲ့လိုနေရာမျိုးတွေကို မရောင်းဘဲနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အတိဒုက္ခရောက်နေတဲ့လူတွေ၊ နောက်ပြီးတော့ အဆင်မပြေတဲ့လူတွေရဲ့ဘ၀တွေ တိုးတက်မြင့်မားလာဖို့ နေရာမျိုးလေးတွေမှာ သူတို့ဦးစားပေးပြီးတော့ သုံးပါတယ်။ အဲ့အတွက်ကြောင့် သူတို့တွေက တခြား Pop Singer တွေ၊ Hip Hop, Rap အဖွဲ့တွေနဲ့ မတူဘဲနဲ့ ကွဲပြားလာတယ်။ သူတို့ရဲ့ခံယူချက်ကလေးကိုက သူများနဲ့ မတူဘူးပေါ့နော်။ သီချင်းလေးကလည်း နားထဲမှာနားထောင်လို့ကြိုက်တယ်။ အဓိပ္ပါယ်လေးကလည်း အဓိပ္ပါယ်ရှိတယ်ဆိုတော့ အဲ့တာကြောင့် ရွေးလိုက်တာပါ။
အဲ့တာဆိုရင် ညီမတို့ Coldplay ရဲ့သီချင်းလေးကို ထပ်ပြီးတော့နားထောင်ကြည့်မယ်နော်။
Coldplay - Viva la vida