• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာလောကနဲ့ အဆက်ပြတ်နေပေမယ့် အနုပညာသံယောဇဉ်မကုန်နိုင်သေးဘဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်တတ်တဲ့၊ ကြည်ပြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေရဲ့ အကြင်နာ၊ ကရုဏာကို အခိုင်အမာရရှိခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးမှာပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီမေ၀င်းမောင်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
Popularís Choic ရဲ့ နောက်ဆုံးသီချင်းလေးကိုရော ဘယ်သီချင်းလေးရွေးထားလဲအမ။
ဘယ်ပန်းချီရေးလို့မမှီ ဆိုတဲ့သီချင်းလေးပါ။ အဲ့သီချင်းလေးက တက္ကသိုလ်အေးမောင် ဆိုတဲ့သီချင်းဖြစ်ပါတယ်။
ဒီသီချင်းလေးကလည်း ရုပ်ရှင်ဇာတ်ဝင်တေးနော်။
ဟုတ်ပါတယ်။ ဘယ်ပန်းချီရေးလို့မမှီလို့ပဲ အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းလေးဖြစ်ပါတယ်။ ဘာကြောင့်ဒီသီချင်းလေးကို ကြိုက်တာလည်းဆိုတော့ တက္ကသိုလ်အေးမောင်ကလည်း အမကြိုက်နှစ်သက်တဲ့ အဆိုတော်တွေထဲက တစ်ယောက်ပါပဲ။ ပြီးတော့ ဒီသီချင်းရဲ့အလိုက်ကလေးကလည်း ချိုချိုအေးအေးလေးနဲ့ နားထောင်လို့ကောင်းပါတယ်။ ဒါပေမယ့် အဓိကကတော့ ဒီသီချင်းရဲ့ အကြောင်းအရာပေါ့နော်။ သီချင်းရဲ့အကြောင်းအရာက ဘာလဲဆိုတော့ မိဘမေတ္တာကိုပဲ ဖော်ကျူးတဲ့ သီချင်းတွေရှိပါတယ်။ များပါတယ်။ ဒါပေမယ့် ဒီသီချင်းကတော့ ပြောင်းပြန်ပါ။ ဒီသီချင်းကကျတော့ သားသမီးကနေပြီးတော့ မိဘအပေါ်မှာထားတဲ့မေတ္တာကိုဖော်ကျူးထားတဲ့ သီချင်းလေးလေ။ အဲ့တော့ ကိုယ်က သားသမီးတစ်ယောက်လည်းဖြစ်ခဲ့ဖူးတယ်။ မိဘလည်းဖြစ်လာပြီဆိုတော့ နှစ်ဖက်ခံစားလို့ရတယ်လေ။ ဒါပေမယ့် အဓိကကတော့ သားသမီးတစ်ယောက်အနေနဲ့ မိဘအပေါ်မှာထားတဲ့ မေတ္တာကိုဖွဲ့ဆိုထားတဲ့သီချင်းလေးဖြစ်လို့ နှစ်သက်တာပါ။
တက္ကသိုလ်အေးမောင် - ဘယ်ပန်းချီရေးလို့မမှီ