• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အနုပညာလောကနဲ့ အဆက်ပြတ်နေပေမယ့် အနုပညာသံယောဇဉ်မကုန်နိုင်သေးဘဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်တတ်တဲ့၊ ကြည်ပြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေရဲ့ အကြင်နာ၊ ကရုဏာကို အခိုင်အမာရရှိခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးမှာပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီမေ၀င်းမောင်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
အမ ကိုအနုပညာနဲ့ ပတ်သက်တဲ့မေးခွန်းလေးတွေ နည်းနည်းလောက်မေးချင်တယ်အမ။ အမ လေ ဒီမြန်မာပြည်ကနေပြီးတော့ ထွက်သွားပြီးတဲ့အချိန်မှာ ဟိုရောက်တော့ရော အနုပညာအလုပ်တွေကို ဘာတွေများလုပ်ဖြစ်ခဲ့သေးလည်း မသိဘူး။
အနုပညာအလုပ်တွေက သီချင်းဆိုတာလေးတွေရှိတာပေါ့နော်။ မြို့တွေ၊ မြို့တွေမှာပေါ့နော်။ လုပ်ခဲ့တဲ့အထဲက အမှတ်တရလေးတစ်ခုကို ပြောရမယ်ဆိုရင်တော့ ၂၀၀၃ မှာ Stage Show လေးတစ်ခုမှာ သီချင်းလည်းဆိုရင်းနဲ့ Musical Program လေးတစ်ခု လုပ်ခဲ့ပါတယ်။ အဲ့တာက အပြာရောင်နှလုံးသားရဲ့ ခရီးသွားမှတ်တမ်းလို့ အမည်ရပါတယ်။ အဲ့တာကို အမရဲ့ အမျိုးသားဖြစ်တဲ့ကိုသက်ဝင်းနဲ့ အမတို့ ကိုယ်တိုင်လုပ်ခဲ့ပါတယ်။ စတူဒီယို ခေတ်ဦးပိုင်းရော၊ ခေတ်နှောင်းပိုင်းရော သီချင်းလေးတွေကို ရွေးပြီးတော့ ဇာတ်လမ်းလေးတစ်ခုစဉ်းစားပြီးတော့ ရေးဖွဲ့ပါတယ်။ ရေးဖွဲ့ရာကနေပြီးတော့ ဇာတ်လမ်းအရ လိုအပ်တဲ့သီချင်းလေးတွေကိုလည်း တစ်ခါထပ်ပြီးတော့ ရွေးရပါတယ်။ ရွေးပြီးတော့မှ သီချင်းရော၊ ဇာတ်ကောအပြည့်အ၀ရပြီဆိုတော့မှ သရုပ်ဆောင်တွေနဲ့ ပြန်ပြီးတော့တင်ဆက်ခဲ့ပါတယ်။ ပါဝင်တဲ့သူတွေကတော့ အကယ်ဒမီကိုစိုးသူရယ်။ အမ ရယ်ပြီးတော့ LA မှာရှိတဲ့ သရုပ်ဆောင်အသစ်နှစ်ဦးကိုပါသင်ပြီးတော့ အဓိကသရုပ်ဆောင်လေးဦးနဲ့ တခြားသင်္ကြန်ကတဲ့ကလေးမလေးတွေလည်း ပါတာပေါ့နော်။ အဲ့လိုမျိုးလေး ဇာတ်ကလေးတစ်ခုကို တင်ဆက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာရော အမ
အဲ့နောက်ပိုင်းမှာတော့ မြန်မာသင်္ကြန်ပွဲလေးတွေမှာ တစ်ခါတစ်ခါ သီချင်းဆိုပါတယ်။ ကတဲ့အခါလည်း မြန်မာအကလေးပေါ့လေ။ အဲ့လိုမျိုးတွေ လုပ်ဖြစ်ပါတယ်။
အခုချိန်မှာများ အမကိုပြန်ပြီးတော့ သရုပ်ဆောင်အလုပ်ကိုလုပ်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင်ကော အမ လက်ခံဖြစ်မှာလား။
အဲ့တာကတော့ အခြေအနေအရပေါ့နော်။ အခြေအနေအရ ဇာတ်လမ်းကိုလည်း ကိုယ်ကကြိုက်မယ်။ ကိုယ်ကလည်း အချိန်ပေးနိုင်မယ် ဆိုတဲ့ အခါကျရင်တော့ ရိုက်ဖြစ်ချင် ရိုက်ဖြစ်ပါလိမ့်မယ်။ လောလောဆယ်ကတော့ ကလေးတွေကလည်းရှိတော့ စဉ်းတော့စဉ်းစားရပါမယ် တော်တော်လေးတော့လေ။ ကလေးတွေလည်း ပင်ပန်းမှာစိုးတော့လေ။ အမေမရှိဘူးဆိုတော့ သူတို့လည်း တစ်မျိုးဖြစ်ကြမှာမှလား။ အဲ့ဒီတော့ အခြေအနေအားလုံးပေးရင်တော့ ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်။
ကလေးတွေဆိုမှလေ သတိရတယ်။ အမရဲ့သားနဲ့ သမီးရဲ့ နာမည်လေးတွေနဲ့လည်း မိတ်ဆက်ပေးပါအုံး။
သမီးလေးက အကြီးပါ။ အခု ၃ နှစ်ရှိပါပြီ။ နာမည်က မေသန္ဒီန၀ရတ်ဝင်းပါ။ သားလေးကတော့ ၁၀ ပြည့်တော့မှာပါ။ သူ့ရဲ့နာမည်က သိဂ်ါမောင်သူရ၀င်းလို့ခေါ်ပါတယ်။