• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်း၊ လူတိုင်းမှာ အကြိုက်ဆုံးဆိုတဲ့အရာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်။ အခုကြိုက်ပေမယ့် နောင်အချိန်အတိုင်း အတာတစ်ခုကြာသွားတဲ့အချိန်မှာ ကြိုက်ချင်မှကြိုက်ဖြစ်တော့မှာပါ။ ဒါပေမယ့် သေချာမှုတစ်ခုကတော့ လူတိုင်းမှာ အကြိုက်ဆုံးတစ်ခုစီရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီနေရာလေးမှာတော့ တစ်ပတ်အတွင်းလူကြိုက်အများဆုံးသောသီချင်းလေးတွေကို ရွေးချယ်ပြီး Song of the Week အဖြစ်တင်ဆက် ပေးလိုက်ရပါတယ်။
ပရိတ်သတ်ရင်ကိုထိစေတဲ့ သီချင်းလေးတွေကတော့
အလွမ်းတဲ့။ ဘယ်သူတွေက စတင်ခဲ့တာလဲ ဆိုတာကို အသေအချာ မပြောနိုင်ပေမယ့် အချစ်ကို တန် ဖိုးထားတဲ့လူတိုင်း မလွဲမသွေ ကြုံဖူးမှာကတော့ အသေအချာပါပဲ။ အထူးသဖြင့်
အတိတ်မှာ ဘယ်လိုပဲဖြစ်ခဲ့ပါစေ။ အဲ့ဒီအတိတ်က ဇာတ်လမ်းတွေဟာ တစ်ချိန်ချိန်မှာတော့ ကိုယ့်အတွက်အရမ်းကို တန်ဖိုးရှိတဲ့ ဇာတ်လမ်းလေးတွေ ဖြစ်လာလေ့ရှိပါတယ်။ အဲ့ဒီဇာတ်လမ်းလေးတွေက ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုရင်
အတိတ်တွေရဲ့အကြောင်းကို စဉ်းစားမိလိုက်တိုင်း ဒီသီချင်းလေး ကို သတိရမိလို့ ဒီတစ်ပတ်တော့ ဒီသီချင်းလေးနဲ့ ဖြတ်သန်းလိုက်ရအောင်နော်။
ဘယ်သီချင်းလေး ရွေးရင်ကောင်းမလဲလို့ စဉ်းစားရင်းနဲ့ သီချင်းလေးတစ်ပုဒ်က ရင်ထဲကိုရောက်လာလို့ အဲ့ဒီသီချင်း လေးကိုပဲ ရွေးပေးလိုက်တော့မယ်နော်။ ဒီတစ်ပတ်အတွက် သီချင်းလေးက
လူတိုင်းကြုံတွေ့ရမယ့် အပြောင်းအလဲတွေရဲ့ကြားမှာ ဆိုးတာတွေ ကြုံလာခဲ့ရင် စိတ်ထဲက ခံစားချက်တွေကို မျှဝေနိုင်ဖို့ ဒီသီချင်းလေးကို သတိရလိုက်ပါနော်
Valentine's Day အလွန်ကာလအတွက် အမှတ်တရဖြစ်စေမယ့် သီချင်းလေးတစ်ပုဒ်ပါ။ တိုက်ဆိုင်လို့ပဲဖြစ်ဖြစ်၊ မတိုက်ဆိုင်ရင်ပဲဖြစ်ဖြစ် နားထောင်လိုက်ရင် ခံစားမှုတစ်စုံတစ်ရာတော့ ရမှာအသေအချာပါပဲ။ ဒါကြောင့် ဒီသီချင်းလေးကို
အချစ်သီချင်းလေးတွေကို နားထောင်ချင်သူတွေအတွက် Valentine's Day အတွက်လည်း အမှတ်တရဖြစ်ရအောင် ဒီသီချင်းလေးကို ရွေးလိုက်ပါတယ်နော်။
ကိုယ့်ချစ်တဲ့သူက လုပ်ခိုင်းလို့၊ ပြုပြင်ခိုင်းလို့ ပြုပြင်ပြောင်းလဲသွားတဲ့လူတွေက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လက်ညှိုးထိုးမလွဲအောင် အများအပြားရှိပါတယ်။ ဒါကြောင့် ဒီလိုနှစ်သစ်ကူးအချိန်မှာ
နှစ်သစ်ကူးအတွက် အမှတ်တရလေး ဖြစ်ရအောင် နောက်ပြီးနှစ်သစ်ကူး ရင်ခုန်သံ တွေကို မြန်စေဖို့အတွက် ဒီသီချင်းလေးကို နားထောင်လိုက်ရအောင်နော်
Christmas လက်ဆောင်သီချင်းလေးပါ။ ပျော်ပျော်ပါးပါး နားထောင်လိုက်ရအောင်