• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်း၊ လူတိုင်းမှာ အကြိုက်ဆုံးဆိုတဲ့အရာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်။ အခုကြိုက်ပေမယ့် နောင်အချိန်အတိုင်း အတာတစ်ခုကြာသွားတဲ့အချိန်မှာ ကြိုက်ချင်မှကြိုက်ဖြစ်တော့မှာပါ။ ဒါပေမယ့် သေချာမှုတစ်ခုကတော့ လူတိုင်းမှာ အကြိုက်ဆုံးတစ်ခုစီရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီနေရာလေးမှာတော့ တစ်ပတ်အတွင်းလူကြိုက်အများဆုံးသောသီချင်းလေးတွေကို ရွေးချယ်ပြီး Song of the Week အဖြစ်တင်ဆက် ပေးလိုက်ရပါတယ်။
ဒီတစ်ပတ်အတွက် ပရိတ်သတ်ရင်ကိုထိစေတဲ့ သီချင်းလေးကတော့

   ကျွန်တော်တို့ နောက်တစ်ပတ်လောက်ကြာရင် အသက်တွေ တစ်နှစ်ကြီးတော့မယ်။ ကောင်းတာတွေ ရှိသလို၊ မကောင်းတွေလည်း ရှိနိုင်တာပဲလေ။ မလုပ်သင့်တာတွေ၊ မဖြစ်သင့်တာတွေကို လုပ်ခဲ့မိ သလို လုပ်သင့်တာတွေ၊ ဖြစ်သင့်တာတွေကိုလည်း မလုပ်ဘဲလွဲချော်နေခဲ့မိတာတွေလည်း အများအပြားပါ။ ဒါ ပေမယ့် ကျွန်တော်တို့ နောင်တရနေဖို့ မလိုပါဘူး။ ပြီးခဲ့တာတွေကို အတိတ်မှာထားခဲ့ပြီး နှစ်သစ်ထဲကို စိတ်သစ်၊ လူသစ်နဲ့ ၀င်သွားဖို့က အဓိကပါ။ အကြံဥာဏ်အသစ်တွေ၊ စိတ်ကူးအသစ်တွေ၊ အိပ်မက်အ သစ်တွေက ကျွန်တော်တို့ကို ၂၀၀၉ ဆိုတဲ့ခုနှစ်ထဲမှာ ကြိုဆိုနေပါတယ်။ ကျွန်တော်တို့ ရင်ခုန်သံ အဖွဲ့ သားတွေကလည်း ၂၀၀၉ ခုနှစ်မှာ အစီအစဉ်အသစ်တွေနဲ့ တင်ဆက်ဖို့ကြိုးစားနေပါတယ်။ ၂၀၀၈ ခုနှစ် ကို မေ့ထားလိုက်ပြီး အားလုံးပဲ ၂၀၀၉ ခုနှစ်မှာ ပျော်နိုင်ကြပါစေလို့ ဆုတောင်းရင်းနဲ့ Happy New Year ဆိုတဲ့ သီချင်းလေးကို အတူတူနားထောင်လိုက်ကြရအောင်နော်။

Song Title - Happy New Year
Vocalist - ABBA