• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်း၊ လူတိုင်းမှာ အကြိုက်ဆုံးဆိုတဲ့အရာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်။ အခုကြိုက်ပေမယ့် နောင်အချိန်အတိုင်း အတာတစ်ခုကြာသွားတဲ့အချိန်မှာ ကြိုက်ချင်မှကြိုက်ဖြစ်တော့မှာပါ။ ဒါပေမယ့် သေချာမှုတစ်ခုကတော့ လူတိုင်းမှာ အကြိုက်ဆုံးတစ်ခုစီရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီနေရာလေးမှာတော့ တစ်ပတ်အတွင်းလူကြိုက်အများဆုံးသောသီချင်းလေးတွေကို ရွေးချယ်ပြီး Song of the Week အဖြစ်တင်ဆက် ပေးလိုက်ရပါတယ်။
ဒီတစ်ပတ်အတွက် ပရိတ်သတ်ရင်ကိုထိစေတဲ့ သီချင်းလေးကတော့

   အချစ်ဆိုသော စကားလုံး၏ အတိမ်အနက်ကို ခန့်မှန်းရန်မှာမူ အလွန်ကိုခက်ခဲလှပေသည်။ မည်သို့ ခန့်မှန်းရမှန်းမသိအောင်ကိုပဲ ဖြစ်ရပါသည်။ အချစ်နှင့်ပတ်သက်၍ စာသားများ၊ ကဗျာများ၊ ၀တ္ထုဇာတ် လမ်းများ အများအပြားထွက်ရှိခဲ့လေသည်။ သို့သော်လည်း ယခုအချိန်အထိ ရိုးသွားလွန်းလို့ပါဟု မည် သူတစ်ဦးတစ်ယောက်ထံကမှ မကြားရသေးပေ။ အချစ်သည် လူတစ်ဦးကို လန်းဆန်းစေသည်။ ပျော်ရွှင် စေသည်။ သို့မဟုတ် စိတ်ညစ်စေသည်။ ဒေါသဖြစ်စေသည်။ သိပ္ပံပညာဆိုင်ရာတိုးတက်မှုများ ယခု ၂၁ ရာစုတွင် အများအပြားတွေ့ရပေသည်။ ထို့အတူ စိတ်နှင့်ပတ်သက်၍ ဖွင့်ဆိုချက်အမျိုးမျိုးကိုလည်း တွေ ရှိရပေမည်။ သို့သော် အချစ်ဆိုသောစကားလုံးနှင့် ပတ်သက်၍မူ မည်သို့မျှပြောဆိုခြင်း မရှိကြပေ။ သို့ သော်လည်း လူတိုင်းသည် ထိုအချစ်နှင့်ပတ်သက်လာလျင် စိတ်ဝင်စားတတ်ကြသည်။ ထို့ကြောင့်ဒီတစ် ပတ် အတွက် Song of the Week သီချင်းလေးကိုလည်း အချစ်သီချင်းလေးတစ်ပုဒ်ကိုပဲ ထပ်ပြီးတော့ ရွေးချယ်မိပါသည်။ ပျော်စရာကောင်းတဲ့အချစ်များ လူတိုင်းရင်ထဲမှာ ပွင့်လန်းနိုင်ကြပါစေ။

Song Title - မင်းအချစ်ကြောင့်
Vocalist - ၀ိုင်ဝိုင်း