• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်း၊ လူတိုင်းမှာ အကြိုက်ဆုံးဆိုတဲ့အရာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်။ အခုကြိုက်ပေမယ့် နောင်အချိန်အတိုင်း အတာတစ်ခုကြာသွားတဲ့အချိန်မှာ ကြိုက်ချင်မှကြိုက်ဖြစ်တော့မှာပါ။ ဒါပေမယ့် သေချာမှုတစ်ခုကတော့ လူတိုင်းမှာ အကြိုက်ဆုံးတစ်ခုစီရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီနေရာလေးမှာတော့ တစ်ပတ်အတွင်းလူကြိုက်အများဆုံးသောသီချင်းလေးတွေကို ရွေးချယ်ပြီး Song of the Week အဖြစ်တင်ဆက် ပေးလိုက်ရပါတယ်။
ဒီတစ်ပတ်အတွက် ပရိတ်သတ်ရင်ကိုထိစေတဲ့ သီချင်းလေးကတော့

   ချစ်တဲ့သူတိုင်း ပျော်ရွှင်ခဲ့ကြတဲ့ Valentine's Day ကတော့ ပြီးသွားခဲ့ပါပြီ။ သိသည်ပဲဖြစ်စေ၊ မသိ သည်ပဲဖြစ်၊ ပျော်ရွှင်ခဲ့သည်ပဲဖြစ်စေ၊ မပျော်ရွှင်ခဲ့သည်ပဲဖြစ်စေ ပြီးဆုံးသွားခဲ့ပါပြီ။ Valentine's Day မှာ ပျော်ခဲ့ရသူတွေ ရှိသလို၊ မပျော်ခဲ့ရသူတွေလည်း ရှိပါတယ်။ ဒီနေ့မှာပဲ ချစ်သူတွေဖြစ်သွားတဲ့လူတွေ ရှိ သလို ချစ်သူအဖြစ်မှ ပြတ်ဆဲသွားတဲ့လူတွေကလည်း အမြောက်အမြားပါပဲ။ ၀မ်းသာတဲ့လူတွေ အတွက် အားပေးမှုဆိုတာ မလိုအပ်ပေမယ့် ၀မ်းနည်းတဲ့လူတွေ အတွက်တော့ အားပေးမှုဆိုတာ အားဆေးတစ် ခွက်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရင်ခုန်သံအဖွဲ့သားတွေဟာ ၀မ်းနည်းတဲ့လူတွေကို အားပေးတဲ့အနေနဲ့ သီချင်းလေးတစ်ပုဒ်ကို ရွေးထားပါတယ်။ ဒီသီချင်းလေးက နားထောင်ကြည့်လိုက်ရင် ကိုယ်ပေးလိုက်တဲ့ အချစ်က ဘယ်လောက်တောင်တန်ဖိုးရှိသလဲဆိုတာ ကိုယ့်ဘာသာကိုယ် ခံစားမိပြီး ကိုယ်ပေးလိုက်တဲ့ အချစ်က အရမ်းကိုဂုဏ်ယူမိနေပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်လိုသီချင်းလေးလဲဆိုတာ ပြောပြ တော့ဘူး။

Song Title - လိုချင်တာယူပါ
Vocalist - အဲလက်စ်