• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်း၊ လူတိုင်းမှာ အကြိုက်ဆုံးဆိုတဲ့အရာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်။ အခုကြိုက်ပေမယ့် နောင်အချိန်အတိုင်း အတာတစ်ခုကြာသွားတဲ့အချိန်မှာ ကြိုက်ချင်မှကြိုက်ဖြစ်တော့မှာပါ။ ဒါပေမယ့် သေချာမှုတစ်ခုကတော့ လူတိုင်းမှာ အကြိုက်ဆုံးတစ်ခုစီရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီနေရာလေးမှာတော့ တစ်ပတ်အတွင်းလူကြိုက်အများဆုံးသောသီချင်းလေးတွေကို ရွေးချယ်ပြီး Song of the Week အဖြစ်တင်ဆက် ပေးလိုက်ရပါတယ်။
ဒီတစ်ပတ်အတွက် ပရိတ်သတ်ရင်ကိုထိစေတဲ့ သီချင်းလေးကတော့

   ဒီတစ်ပတ်အတွက် Song of the Week အတွက် ဘယ်သီချင်းရွေးရင် ကောင်းမလဲလို့ ကျွန်မကို စဉ်းစားခိုင်းပါတယ်။ ဒါနဲ့ဘယ်သီချင်းတွေကို ရွေးရင်ကောင်းမလဲလို့ စဉ်းစားရင်းနဲ့ သီချင်းတွေ အများ ကြီးကို နားထောင်ဖြစ်ပါတယ်။ အကုန်လုံးကလည်း ကောင်းတဲ့သီချင်းတွေချည်ပဲဆိုတော့ ရွေးရတာ အတော့်ကိုခက်ပါတယ်။ ဒီလိုနဲ့ နားထောင်ရင်းနဲ့ သီချင်းလေးတစ်ပုဒ်က နားထဲမှာစွဲပြီးကျန်ခဲ့သလို ရင်ထဲမှာလည်း အတော့်ကိုခံစားလိုက်ရပါတယ်။ ဒါကြောင့် ဒီသီချင်းလေးကို ကျွန်မ Song of the Week အတွက် ရွေးချယ်လိုက်မိပါတယ်။ ကျွန်မ ဘာကြောင့် ဒီသီချင်းလေးကို ရွေးတယ်ဆိုတာ မပြော ပြတော့ဘူးနော်။ အားလုံးပဲ နားထောင်ကြည့်လိုက်ရုံနဲ့ ဘာကြောင့်ရွေးရတယ်ဆိုတာကို သိမှာပါ။

Song Title - သမီးလေး
Vocalist - ဇော်ဝင်းထွဋ်