• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်း၊ လူတိုင်းမှာ အကြိုက်ဆုံးဆိုတဲ့အရာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်။ အခုကြိုက်ပေမယ့် နောင်အချိန်အတိုင်း အတာတစ်ခုကြာသွားတဲ့အချိန်မှာ ကြိုက်ချင်မှကြိုက်ဖြစ်တော့မှာပါ။ ဒါပေမယ့် သေချာမှုတစ်ခုကတော့ လူတိုင်းမှာ အကြိုက်ဆုံးတစ်ခုစီရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီနေရာလေးမှာတော့ တစ်ပတ်အတွင်းလူကြိုက်အများဆုံးသောသီချင်းလေးတွေကို ရွေးချယ်ပြီး Song of the Week အဖြစ်တင်ဆက် ပေးလိုက်ရပါတယ်။
ဒီတစ်ပတ်အတွက် ပရိတ်သတ်ရင်ကိုထိစေတဲ့ သီချင်းလေးကတော့

   အတိတ်ကဇာတ်လမ်းတွေထဲမှာ တစ်ချို့ကသင်ခန်းစာယူဖို့ကောင်းတယ်။ တစ်ချို့ကကျတော့ မေ့ပြစ် လိုက်ဖို့ကောင်းတယ်။ တစ်ချို့ကကျတော့ ပြန်တွေးကြည့်ဖို့ကောင်းတယ်။ ဒါဆိုရင် ဘယ်လိုမျိုးအ ကြောင်းအရာတွေက ပြန်တွေးကြည့်ဖို့ ကောင်းနေတာလဲလို့ မေးလာခဲ့ရင် ကျွန်တော်တို့တစ်တွေ ဘယ် လိုဖြေကြမလဲ။ လူတိုင်းမှာအဖြေပေါင်းစုံရှိနိုင်ပါတယ်။ သူတို့ရဲ့ခံစားချက်တွေ၊ အမြင်တွေအပေါ်မှာမူ တည်ပြီးတော့ သူတို့ပြန်တွေးကြည့်ချင်တဲ့အကြောင်းအရာတွေက ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် အခု တစ်ပတ်အတွက် Song of the Week ကိုတော့ ပြန်တွေးကြည့်ဖို့ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ကို ရွေးချယ်ပေးလိုက်ပါတယ်။ အားလုံးပဲ ကိုယ့်ရဲ့အတိတ်လေးကို ပြန်တွေးကြည့်လိုက်ရအောင်နော်။

Song Title - ပြန်တွေးကြည့်
Vocalist - မိုးမိုး