• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်း၊ လူတိုင်းမှာ အကြိုက်ဆုံးဆိုတဲ့အရာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်။ အခုကြိုက်ပေမယ့် နောင်အချိန်အတိုင်း အတာတစ်ခုကြာသွားတဲ့အချိန်မှာ ကြိုက်ချင်မှကြိုက်ဖြစ်တော့မှာပါ။ ဒါပေမယ့် သေချာမှုတစ်ခုကတော့ လူတိုင်းမှာ အကြိုက်ဆုံးတစ်ခုစီရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီနေရာလေးမှာတော့ တစ်ပတ်အတွင်းလူကြိုက်အများဆုံးသောသီချင်းလေးတွေကို ရွေးချယ်ပြီး Song of the Week အဖြစ်တင်ဆက် ပေးလိုက်ရပါတယ်။
ဒီတစ်ပတ်အတွက် ပရိတ်သတ်ရင်ကိုထိစေတဲ့ သီချင်းလေးကတော့

   ဘာရယ်ကြောင့်မှန်း မသိဘူး။ အခုတစ်လော အတိတ်ဆိုတဲ့ စကားလုံးတွေ၊ အရင်ကဆိုတဲ့ စကား လုံးတွေပဲ ကြားနေရတယ်။ အတိတ်ကို လွမ်းနေတဲ့သူတွေ၊ အတိတ်ကို တမ်းတနေသူတွေ၊ အတိတ် အကြောင်းကို ပြောနေကြတဲ့သူတွေစသဖြင့် အတိတ်ဆိုတာကို အကြောင်းအရာမျိုးစုံ ခေါင်းစဉ်တပ်ပြီး ပြောနေကြတာ။ လူတစ် ယောက်မှာ အတိတ်ကို အရေးမပါဘူးလို့ တစ်ချို့ကယူဆကြတယ်။ တစ် ချို့က ကျတော့ အတိတ်ဆို တာကို ပြည့်ဖုံးကားချဖို့ ကြိုးစားကြတယ်။ တစ်ချို့ကကျတော့ အတိတ်ကို ပြန်မြင်ယောင်ပြီး ကြည်နူး ကြတယ်။ ဘာလိုသောအကြောင်းတွေကြောင့်ပဲ အတိတ်ဆိုတာကို လူ တိုင်းက စိတ်ဝင်စားပါစေ။ အဓိ ကကတော့ အတိတ်ဆိုတာ လူတစ်ယောက်အတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ အထူးသဖြင့် ချစ်သူ တွေ အတွက်တော့ အတိတ်ဆိုတာ ဘယ်တော့မှ မေ့ဖျောက်ဖို့ မလွယ်တဲ့အရာ တစ်ခုပါပဲ။ ဒါကြောင့် ချစ်တတ်သူ တစ်ယောက်အနေနဲ့ အတိတ်တွေကို ပြန်လည် ခံစားနိုင်စေဖို့အတွက် ဒီတစ်ပတ် Song of the Week သီချင်းလေးအဖြစ် ရွေးချယ်လိုက်ရပါတယ်။

Song Title - အရင်က ဇာတ်လမ်း
Vocalist - ဟန်ထွန်း