• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်း၊ လူတိုင်းမှာ အကြိုက်ဆုံးဆိုတဲ့အရာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတတ်ပါတယ်။ အခုကြိုက်ပေမယ့် နောင်အချိန်အတိုင်း အတာတစ်ခုကြာသွားတဲ့အချိန်မှာ ကြိုက်ချင်မှကြိုက်ဖြစ်တော့မှာပါ။ ဒါပေမယ့် သေချာမှုတစ်ခုကတော့ လူတိုင်းမှာ အကြိုက်ဆုံးတစ်ခုစီရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့် ဒီနေရာလေးမှာတော့ တစ်ပတ်အတွင်းလူကြိုက်အများဆုံးသောသီချင်းလေးတွေကို ရွေးချယ်ပြီး Song of the Week အဖြစ်တင်ဆက် ပေးလိုက်ရပါတယ်။
ဒီတစ်ပတ်အတွက် ပရိတ်သတ်ရင်ကိုထိစေတဲ့ သီချင်းလေးကတော့

   အလွမ်းတဲ့။ ဘယ်သူတွေက စတင်ခဲ့တာလဲ ဆိုတာကို အသေအချာ မပြောနိုင်ပေမယ့် အချစ်ကို တန် ဖိုးထားတဲ့လူတိုင်း မလွဲမသွေ ကြုံဖူးမှာကတော့ အသေအချာပါပဲ။ အထူးသဖြင့် ချစ်သူရဲ့ စွန့်ပြစ်မှုကို ခံ ထားရတဲ့သူတွေ၊ ချစ်သူရဲ့ ငြင်းပယ်မှုကို ခံထားရတဲ့သူတွေ အတွက်တော့ အလွမ်းဆိုတာ မလွဲမသွေ ကြုံရမယ့် အရာတစ်ခုပါပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့နားထောင်နေတဲ့ သီချင်းအများစုက ဒီအလွမ်း ကို အလေးထားပြီး စပ်ဆိုထားတဲ့သီချင်းတွေပဲ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ အမြဲတမ်း ခံစားနေရတတ်တဲ့ ခံစားချက်တွေကို သွေဖယ်ပြီး အကြောင်းအရာအသစ်နဲ့ ရေးစပ်ထားတဲ့ အလွမ်းသီချင်းလေး တစ်ပုဒ်ကို နားဆင်ခဲ့ရပါတယ်။ သီချင်းလေးကို သေချာနားထောင်ကြည့်လိုက်တဲ့ အခါမှာ အလွမ်းကို ရှောင်နေပေမယ့် အလွမ်းကို တည့်တည့်တိုးမိတဲ့ လူတစ်ယောက်ရဲ့ အကြောင်းရယ်၊ ပါးစပ်က ဘယ်လောက်ပဲ ကိုယ့်ကိုကိုယ်အားပေးနေပေမယ့် ရင်ထဲက ခံစားချက်ကို မငြင်းပယ်နိုင်တဲ့ လူ တစ်ယောက်ရဲ့ အဖြစ်တွေကို ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီတစ်ပတ် Song of the Week အတွက် ဒီသီချင်းလေးကို ရွေးချယ်ပေးလိုက်ပါတယ်။

Song Title - မလွမ်းလောက်ပါဘူး
Vocalist - စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး